ရှန်ကျွင်း အသက်ပြင်းပြင်းရှူရင်း သူ့ကိုဖင်တစ်ပြန်ခေါင်းတစ်ပြန် အကဲခတ်လိုက်သည်။ ထိုလူငယ်မှာ သူ့ထက် အရပ်ရှည်သည့်တိုင် အနည်းငယ် ပိုပိန်ပြီး အားနည်းဟန်ပေါ်ကာ သတ္တိကြောင်ဟန် လည်းပေါ်၏။ တစ်ခြားသူ အလွယ်လေး ကြိုးကိုင်၍ ရမည့် တည်သီးမျိုးပင်။
တစ်ဖက်သူ စကားမှားသည့်အပေါ် ရှန်ကျွင်း လုံးဝလက်မခံနိုင်။ "အရပ်ရှည်လည်း ရုပ်က ငါ့လောက် ပုံမလာပါဘူး"
ဝမ်ကျစ်ချူး ထိုသူ၏မျက်နှာလေးထောင့်ကို တစ်ချက်ကြည့်ရင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ "သူ့မှာသာ အဲ့မျက်နှာ မပါခဲ့ရင် သူကသာမန်ပါပဲ"
ရှန်ကျွင်း မျက်မှောင်ကြုတ်သွားလေပြီ။ "မင်းက သူ့ရဲ့ဘယ်ဟာကို မုန်းတာတုန်း"
ဝမ်ကျစ်ချူး ချက်ချင်း ဖြေနိုင်စရာ ဘာအကြောင်းများ ရှိမည်နည်း။ တစ်ဖက်သူကိုမုန်းတာထက် ကြောက်သည်က ပိုကာ ရှိလျှင်လည်း တစ်ဖက်သူ၏ပြည့်စုံခြင်းကို မနာလို အားကျခြင်းသာ ဖြစ်ပေလိမ့်မည်။
"သူက ကြည့်ကောင်းတယ်၊ စာတော်တယ်။ နောက်ခံတောင့်တယ်။ ရုပ်ကလည်းချောသေးတယ်။ တကယ်စိတ်ရှုပ်စရာပဲ"
သူ့စကားကို တစ်ဖက်သူ မျက်ခုံးပင့်ရင်း ထောက်ခံရလေသည်။ "အင်း"
ထို့နောက် သူ့ဗီဇကြွားလုံးကို ထုတ်လိုက်သည်။ "အရင်တစ်ခေါက် ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို သိလား"
ဝမ်ကျစ်ချူး သိကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း ရှန်ကျွင်းတွင် ထိုပြိုင်ပွဲကို ထုတ်ပြောလောက်မည်ဟု မထင်ထားသဖြင့် အနည်းငယ်အံ့ဩရ၏။
[စနစ်: မျက်စိကန်းချင်တဲ့အချိန် ရွေးကန်းတာ ထပ်ဖြစ်ပြန်ပြီလား?]
ဘာလို့?
[စနစ်: သူ့မျက်နှာကြီး မမြင်ဘူးလား?]
"သိတယ်......သိတယ်"
"ပထမဆုကို ငါတို့ကျောင်းက ရတာလေ။ သူ ဘာရလိုက်လဲ၊ ဒုတိယဆု တဲ့။ အဟက်ဟက်၊ အဲ့ဒါ ဘာကို ဆိုလိုလဲသိလား"
"အဲ့ကောင်က ငတုံးလို့ ဆိုလိုတာ"
[စနစ်: တာဝန်ပြီးဆုံးပါပြီ။ ဗီလိန်တန်ဖိုးနှစ်ဆယ့်ခြောက်ရာခိုင်နှုန်းတိုးပြီး ဆုငွေယွမ်တစ်ရာရရှိပါတယ်]
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...