Chapter 18

182 38 0
                                    

အေးအေးငြိမ့်ငြိမ့်သွားနေသည့် ဘက်စ်ကားပြတင်းပေါင်မှမြင်ကွင်းများက အဖိုးမဖြတ်နိုင်သည့်ပန်းချီကားပမာ။ လူအားလုံး၏မျက်လုံးများက ပြတင်းပေါက်အပြင်ကိုသာ အာရုံရောက်နေကြသည့်ထိုအချိန်တွင် ဝမ်ကျစ်ချူး တစ်ယောက်တည်း ခေါက်မီးတောက်နေသည်။ ကျောင်းလွယ်အိတ်ကိုလွယ်၊ အပေါ်ထပ်ဝတ်ထားပြီး ခေါင်းက ထိုင်ခံ ဆီငိုက်စိုက်ကျနေသည့် သူ့သဏ္ဍာန်မှာ မသိလျှင် တစ်ပါးသူက သူ့အားပြန်ပေးဆွဲအနိုင်ကျင့်ထားသလိုပင်။

[စနစ်: ပြောစမ်း ၊မပြောပဲ ဘယ်လိုသိမှာလဲ]

နတ်သူငယ်လေးမှာ ဆွေ့ဆွေ့ခုန်ပေါက်ကွဲနေလေသည်။

ဝမ်ကျစ်ချူးကတော့အသေအချာရှင်းပြရှာပါ၏။ "အရမ်းစိုးရိမ်လွန်သွားလို့ လျှာတွေ ခလုတ်တိုက်ကုန်တာပါ"

[စနစ်: ဘယ်လိုယုံရမှာလဲ]

ကောင်လေးခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။

[စနစ်: ဆင်ခြေဆင်လက်တွေ ရှာနေတာမလား]

"အကြောင်းပြချက်လေးပဲ ရှာတာပါ"

မျက်နှာငယ်လေးနှင့်ပြန်ဖြေနေရင်း ရုတ်တရက်မျက်နှာတည်သွားသည်။ "အတန်းဖော်ရှောင်အိုက်နဲ့ နတ်သူငယ်လေးနဲ့မှာ တရုတ်စာလေးလုံးစီရှိတာပဲ"

[စနစ်: ငါက လူမဟုတ်ပေမဲ့ အရူးမဟုတ်ဘူးလေ]

"ဟုတ်ပါတယ်၊ ကိုယ့်ဟာကိုယ် လျှာခလုတ်တိုက်ပြီး လျှောက်ယောင်မိတာကို ဗွေမယူပါနဲ့။ တစ်ခြားနာမည်ကို တမင်သက်သက်ခေါ်လိုက်တာမဟုတ်ရပါဘူး"

[စနစ်: ဒါဆို ရှောင်အိုက်ကဘယ်သူလဲ]

"ဉာဏ်ရည်အတု အေအိုင်ကိုခေါ်တာပါ"

[စနစ်: အပြင်မှာ အေအိုင်ဘယ်နှခုတောင်ရှိနေတာလဲ]

"မရှိတော့ပါဘူး၊ မရှိတော့ပါဘူး" ဝမ်ကျစ်ချူး ကမန်းကတမ်းပြန်ဖြေရပြန်ပြီ။

ထိုစကားကြားမှ သက်မကြီးချပြီး ဝမ်ကျစ်ချူးကိုထပ်မရစ်ဖို့ နတ်သူငယ်လေးဆုံးဖြတ်လိုက်သည်။ သို့သော်...

"အိမ်မှာတစ်ခုကျန်သေးတယ်"

ထို့သို့ရှင်းပြအပြီး သူ့ဖုန်းကိုထုတ်ကာ နာမည်တစ်ခုတီးတိုးခေါ်လိုက်သည်။

ဗီလိန်ဗျူဟာWhere stories live. Discover now