[စနစ်: အဖေ ငါ့သားကို ကယ်တင်ပါ့မယ်]
နတ်သူငယ်လေးကို သူငယ်ချင်းတစ်ဦးလို ယူဆခဲ့သော်လည်း ထိုစနစ်စုတ်က အဖေအတင်း ဖြစ်ချင်နေပုံပင်။
"အတော်လွန်တယ်"
[စနစ်: အရင်ကပြောဖူးပါတယ်။ ကမ္ဘာပေါ်မှာအခိုင်မာဆုံး သံယောဇဉ်ဆိုတာ မိသားစုပဲလို့၊ ဒါကြောင့် အဖေ ကူညီ...]
"မလိုဘူး" ဝမ်ကျစ်ချူး နတ်သူငယ်လေးကိုစကားမဆုံးစေပဲ ဖြတ်ပြောလိုက်သည်။
[စနစ်: ဘာလို့အဲ့လောက်ယဉ်ကျေးရတာလဲ]
မဖဲ့ရလျှင် ရွဲ့ရမှကျေနပ်သည့် နတ်သားပါတကား။
နတ်သူငယ်လေး အပတ်တကုတ် ဒေတာများရှာဖွေအပြီး မက်လုံးပေး ဆွဲဆောင်စကားဆိုလိုက်သည်။
[စနစ်: အကျိုးကျေးဇူး အတော်များမယ်လို့ မစဉ်းစားမိဘူးလား]
"ဒါဆို ငါလည်း ဖြတ်လမ်းနည်းနဲ့ ပြည်နယ်အဆင့်တစ် ဖြစ်လာနိုင်လား"
[စနစ်: ဖြစ်လာစရာလား]
"ဒါဆို ပိုက်ဆံများများပေး"
[စနစ်: အဲ့ဒါလည်း မကူညီနိုင်လောက်ဘူး]
"အဲ့ဒါဆို ဘယ်နား သုံးစားရမှာလဲ"
[စနစ်: သင့်ကို အဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေပေးနိုင်တယ်လေ]
အမ်!
[စနစ်: မျက်နှာအချိုးကို ပြင်လိုက်]
ဝမ်ကျစ်ချူး ပြိုင်မငြင်းလိုတော့သဖြင့် ခေါင်းစဉ်သာပြောင်းလိုက်သည်။
"နတ်သူငယ်လေး"
[စနစ်:ဟင်?]
"ငွေသားလေး တော်တော်များများ ရမလား?"
[စနစ်: ဘာလုပ်ဖို့?]
"အကြွေးဆပ်ဖို့"
နောက်ဆုံး သူ့ဆုငွေထဲမှ ယွမ်နှစ်ရာကို ငွေသားအဖြစ် ပြောင်းလဲနိုင်ခဲ့အပြီး နောက်တစ်ပတ် ကျောင်းပြန်တက်ချိန် ချင်ကျားရှု၏ ဗီဒိုထဲ သွားခိုးထည့်ထားပေးရန် ကြံစည်လိုက်သည်။
*****
အခန်းထဲ ပြန်ရောက်ချိန် ချင်ကျားရှု စားပွဲအံဆွဲကိုဖွင့်ကာ စီးကရက်ဗူးကို ထုတ်လိုက်ပြီး သူ့ဒုတိယဟူသည့် အပယ်ခံဆုတံဆိပ်နှင့်ဂုဏ်ပြုလွှာကိုထည့်သိမ်းလိုက်သည်။
YOU ARE READING
ဗီလိန်ဗျူဟာ
Romanceရှက်ကြောက်တတ်တဲ့ ဝမ်ကျစ်ချူး လုပ်ခဲ့တဲ့ ဘဝမှာ အမိုက်ဆုံးအရာကတော့ လမ်းဖြတ်ကူးနေတဲ့ မူလတန်းကျောင်းသားလေးနှစ်ယောက်ကို ရူးရူးမိုက်မိုက် စွန့်စားကယ်တင်လိုက်ခြင်းပဲ ဖြစ်တယ်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရဲစွမ်းသတ္တိကို ပြသဖို့ရန် အောင်မြင်စွာ ကြိုးစာ...