Chapter 9

126 24 0
                                    

အမျိုးသမီး၏မျက်နှာသည် တစ်ချက်ရှုံ့တွသွားကာ ဝမ်ကျစ်ချူးအား မယုံကြည်စွာ ဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

[စနစ် : ဘာလို့ သူမက သင့်ကို အဲ့လိုမျိုးကြည့်နေရတာလဲ]

ဝမ်ကျစ်ချူး : "ငါ သူမကို လေးလေးစားစား ဆက်ဆံလိမ့်မယ်လို သူမ မထင်ခဲ့လို့နေမှာပေါ့"

နတ်သူငယ်မှာ ရုတ်တရက်သဘောပေါက်သွားသည်။

[စနစ် : ခံစားသွားရတာပေါ့]

ဝမ်ကျစ်ချူးမှ ခေါင်းငြိမ့်ပြသည်။

အမျိုးသမီးမှာ ကားစီးသည့်တစ်လျှောက်လုံး တန်ဖိုးရှိသည့်သင်ခန်းစာများအား သင်ကြားနေခဲ့ရပြီး ထွက်သွားခဲ့သည်။ ဝမ်ကျစ်ချူးသည် သူမ၏ရွေးချယ်မှုအား လေးစားပေးရန်မှအပ သူမအား ဘာမှတုံ့ပြန်ပြောဆို၍မရချေ။

ငိုလို့မရပေ။

[စနစ် : ကောင်လေး သင် ကအရမ်းကြင်နာတတ်တာပဲ]

ဝမ်ကျစ်ချူး : "အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်"

ဝေဖန်တိုက်ခိုက်သည့် အခြေအနေပြီးသည့်နောက်တွင် ကားအတွင်းရှိလူများအားလုံးသည် သူတို့ အားကြည့်နေကြသည်။ ထို့နောက် အမျိုးသမီးမှာ အတော်ကြာသည့်အထိ ဒေါသမထွက်နိုင် တော့ဘဲ ရှိသည်ဖြစ်ရာ သူမလည်းစိတ်ပြန်လျှော့လိုက်လေသည်။

မှတ်တိုင်ရောက်သောအခါ ဝမ်ကျစ်ချူးမှာ စနစ်၏ ချီးကျူးမှုများကို ခံယူလျက် အိမ်ကိုပျော်ရွှင်စွာ ပြန်သွားသည်။

သော့အိမ်အထဲသို့ သော့ဝင်သွား၍ ပွင့်သွားသောအသံသည် အမြဲလိုလို ခံစားရကောင်းနေသည်။ ဝမ်ကျစ်ချူးသည် ပြုံးလျက် အိမ်တံခါးကိုဖွင့်လိုက်ပြီး လက်ကိုမြှောက်လိုက်ကာ နံရံပေါ်ရှိ မီးခလုတ်ကိုဖွင့်လိုက်သည်။ ခဏတာမျှ မီးလုံးများသည် တောက်ပစွာ ထွန်းလင်းသွား၏။ သို့သော် ကောင်လေး၏အပြုံးများသည် ခဏတာ ရပ်တန့်သွားသည်။

'ငါ သတ္တဝါသေးသေးလေးတွေ အများကြီးအများကြီး ကြမ်းပြင်ပေါ်မှာ လျှောက်သွားနေကြတာကို တွေ့လိုက်ရတယ်'

[စနစ် : အကောင်လေးတွေအများကြီးပဲ]

ဝမ်ကျစ်ချူး : ...

ဗီလိန်ဗျူဟာWhere stories live. Discover now