Chapter 11

255 40 0
                                    

တစ်ဖက်သူ၏ပုံရိပ် သူ့ကိုလွှမ်းသွားသည်နှင့် ဝမ်ကျစ်ချူး၏အတွေးများလွင့်ပျယ်သွားပြီး အချက်ပေးသံများဆူညံလာ၏။ သူ့မျက်လုံးထဲမှ ကြောက်ရွံ့မှုနှင့်ရှက်ရွံ့မှုတို့က ဖုံးမနိုင်ဖိမရဖြစ်နေတော့သည်။

ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ပင် ဝမ်ကျစ်ချူး ရှေ့တစ်လှမ်းတိုးရင်း ဖုန်းကိုအမြန်ဆွဲလုလိုက်၏။

ချင်ကျားရှု သူနဲ့ပြိုင်မငြင်းနေပဲ ဝမ်ကျစ်ချူးဖုန်းပေါ်လက်ရောက်သည်နှင့်ပင် သူအားကုန်သုံးပြန်ဆွဲထားလိုက်ပြီးမှ လွတ်ပေးလိုက်သည်။

သူ့စိတ်ထဲ ဝမ်ကျစ်ချူး ဘက်စကတ်ဘောကွင်းထောင့်တွင်ဖုန်းတစ်လုံးနှင့်ရပ်နေသည့်အဖြစ်၊ ပေကလပ်ပေကလပ်လုပ်နေသည့်ဟန်နှင့် ရှက်သွေးဖြာသွားသည့် မျက်နှာအနေအထားတို့ကို သေချာစဉ်းစားမိ‌လေလေ စိတ်အဆင်မပြေဖြစ်လာလေလေပင်။

သူ့ပုံနဲ့ဘာလုပ်မလို့ပါလိမ့်!

ချင်ကျားရှု သူ့ကိုအေးစက်စက်အကြည့်ဖြင့်ပြောလိုက်သည်။"မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက မင်းအတွက် အရမ်းအရေးကြီးသလို ငါ့ကိစ္စလည်းအတူတူပဲ"

ဝမ်ကျစ်ချူး တံတွေးမျိုချရင်း ပြောလာသည် ။ "ဒါပေမဲ့....ဒါကကံကြမ္မာပဲဖြစ်လိမ့်မယ်"

"ငါတော့ ကိုယ်ရေးကိုယ်တာကို မျှဝေတာမျိုးမကြားဖူးသေးဘူး"

ဝမ်ကျစ်ချူး သူ့လက်ကိုမြှောက်ရင်း သူ့ လက်ချောင်းဖြူဖြူကိုဆန့်လိုက်ကာ မဝံ့မရဲလေသံဆိုသည့်တိုင် ဂုဏ်ယူဟန် အလွန်ပေါ်လွင်နေသောလေသံဖြင့် ပြောလိုက်သည်။

"ဒါ....ဒါဆိုလည်း ငါတို့ကအဲ့လိုဝေမျှတဲ့ပထမဆုံးလူတွေဖြစ်မှာပေါ့"

တစ်ဖက်သူ၏မျက်လုံးများက အေးစက်နေဆဲပင်။

ဝမ်ကျစ်ချူးမှာ ကျားရှေ့က သမင်ငယ်လေးလို ကြောက်ရွံ့တုန်လှုပ်နေ၏။" ကံကြမ္မာ.....က အံ့ဩစရာပဲနော်"

"......"

ချင်ကျားရှု ထိုစကားကိုအဖက်မလုပ်ပဲပြောလိုက်သည်။"ဖျက်လိုက်"

"ဘာ....ဘာကိုလဲ"

"ပုံကိုဖျက်လိုက်"

ဝမ်ကျစ်ချူး ဖုန်းကို နောက်ဆုံးကောက်ရိုးတစ်မျှင်ကဲ့သို့ တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ခေါင်းကို တွင်တွင်ခါနေလေတော့သည်။

ဗီလိန်ဗျူဟာWhere stories live. Discover now