Chapter 26

38 13 1
                                    


ဝမ်ကျစ်ချူး သံသယမျက်လုံးဖြင့် ကြည့်လာ၏။

"သူအဲ့ထိပ် အရေပြားဖြတ်ပြီးတာ မကြာသေးတာလား?"

[စနစ်: ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာတယ်]

"ဘာလို့ အဲ့လောက်သေချာနေတာလဲ။ မင်းဖြတ်ဖူးလို့လား?"

[စနစ်: နောက်ဆုံး Host က ဖြတ်ဖူးတာ]

မင်းရဲ့ နောက်ဆုံး Host က အတော်ရက်စက်တာပဲ!

သူ မယုံမည်စိုး၍ နတ်သူငယ်လေးက ထပ်ရှင်းပြ၏။

[စနစ်: မဟုတ်ရင် လမ်းကို အဲ့လိုဘယ်သူလျှောက်မှာလဲ။ မဟုတ်မှ သူ့ဦးနှောက် မဖွံ့ဖြိုးတာများလား]

အနောက်က ထင်မြင်ချက်က တစ်ဖက်သူအပေါ် ရိုင်းရာကျသဖြင့် လူ့ယဉ်ကျေးလေး ဝမ်ကျစ်ချူး အရှေ့ထင်မြင်ချက်ကိုသာ မျက်စိမှိတ်ယုံလိုက်ပြီး လမ်းလျှောက်ရ အတော်ခက်ခဲနေမှာပဲဟု တစ်ဖက်သူအပေါ် သနား ကရုဏာသက် လိုက်သည်။

ထိုအချိန် ရုံးခန်းထဲမှ ရှေးရိုးစွဲဆရာလီကို အကြောင်းမရှိသွား သတိရမိသေး၏။ ထို့နောက် နံပါတ်‌ ၆ ကျောင်းမှ ကျောင်းကားကို ပြန်လှည့်ကြည့်ရင်း အရင်ပြိုင်ပွဲမှ ပထမဆုရှင် ပါမပါကို သိချင်စိတ်ဖြစ်မိသွား၏။ ချင်ကျားရှု ဒုတိယရသည့်အဖြစ်ကြောင့် ဒေါသထွက်နေဆဲ ဆရာလီ ထိုကျောင်းသားကို မြင်ခဲ့ရလျှင်မည်သို့နေမည်နည်း။

မနက်ခင်းကိုယ်ပိုင် စာကြည့်ချိန် စတော့မည် ဖြစ်သဖြင့် ဝမ်ကျစ်ချူးအတန်းဆီသာ အမြန်သွားလိုက်သည်။

....

ရှန်ကျွင်းက နံပါတ် ၁ အလယ်တန်းကျောင်း ပတ်ဝန်းကျင်ကို လေ့လာနေသည်။ အဆင့် ၁ ကျောင်းဆိုသည့် ဂုဏ်နှင့်ညီစွာပင် အတော်ကောင်းသည့် သင်ကြားရေးပုံစံစနစ်များရှိပြီး ကျောင်းက အပိုဖြည့်စွက် ပြင်ဆင်မှုများနှင့် အတော်ကျယ်ပြီး အတော်ကြီး ကျယ်သည့်ကျောင်း၊ ခမ်းနားသည့်ကျောင်းဟု ဆိုထိုက်ပေသည်။

သို့သော် ရှန်ကျွင်း ဟိုဟိုဒီဒီ ကြည့်ရင်း အပြစ်တင်စကား ဆိုလိုက်၏။ "ပုံစံကလည်း မထူးခြားပါဘူး၊ ငါတို့...."

ဗီလိန်ဗျူဟာWhere stories live. Discover now