Chapter 22

162 31 0
                                    

ထိုရင်းနှီးလှသည့် စကားကြောင့် ဝမ်ကျစ်ချူး ခေတ္တမျှတုံ့ဆိုင်းသွားပြီး သူ့ခေါင်းအား အခွေထစ် နေသကဲ့သို့ တဆင့်ချင်းဆီလှည့်လိုက်ချိန်

သူ‌ခန့်မှန်းသည့်အတိုင်း ဌာနမှုးမျက်နှာထားကိုတွေ့လိုက်ရလေသည်။

ဝမ်ကျစ်ချူး "......"

ထိုခဏ လေညင်းလေးကလည်း မတိုက်ခတ်သကဲ့သို့ လောကကြီးတစ်ခုလုံးကလည်း ရပ်တန့်နေခဲ့လေပြီ။ အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားအပြီး ဝမ်ကျစ်ချူး သူ့အိတ်ကပ်ထဲ ရည်းစားစာဖွက်ရန် အလင်းအလျင်နှုန်းဖြ င့်ကြိုးစားလိုက်သည့်တိုင် ဌာနမှုးအသံက သူ့လှုပ်ရှားမှုထက် မြန်မြန်ထွက်လာ၏။

"ဝမ်ကျစ်ချူး! မင်းဒီမှာဘာလုပ်နေတာလဲ?!"

ဝမ်ကျစ်ချူး သူ့ခေါင်းကို လက်ဖြင့်ကာလိုက်သည့်တိုင်အောင် အားသိပ်မထည့်ထားသည့် ဌာနမှုးလက်ကို မတားဆီးလိုက်နိုင်ပေ။ အီစလံဝေသွားစေသည့်လက်သံ‌က အတော်ပြောင်လှပေသည်။ ခဏလောက်ခေါင်းကို ကိုင်ပြီး ငြီးတွားလိုက်မိသည်။

သူ့ခေါင်းကို သူကိုင်ရင်း အသံတိုးတိုးလေးဖြင့် "ဘာ...ဘာမှလုပ်ပါဘူး"

ဌာနမှူးက သူ့ကို လက်ပိုက်ကြည့်ရင်းထပ်မေးသည်။ "ငရှုပ်အလုပ်တွေလုပ်ဦးမလို့မလား၊ ခိုးကြောင်ခိုးဝှက်နဲ့!"

ဝမ်ကျစ်ချူး ချက်ချင်း ခေါင်းရမ်းပြသည်။

"ဝန်မခံသေးဘူးပေါ့လေ၊ ဟုတ်လား?"

ဝမ်ကျစ်ချူးပါးစပ်က အထစ်ထစ်ငေါ့ငေါ့ဖြင့် ခံဝန်ချက်ပေးလိုက်သည်။ "စကားပြောနေတာပါ"

ဌာနမှူး ထိုအဆိုပြုချက်ကို နည်းနည်းမှ မယုံ။ "ငါ့ကို ယုံကြည်လောက်တဲ့ အကြောင်းပြချက်လေးပေး"

ဝမ်ကျစ်ချူး စက္ကန့်အနည်းငယ်အကြာ တီးတိုးပြောလိုက်သည်။ "အခုက...နေ့ခင်းကြီး၊ အလင်းရောင်ကလည်းအပြည့်"

ဆိုလိုရင်းမှာ နေ့ခင်းကြောင်တောင်ကြီး မဟုတ်တာလုပ်၍မရ။

ဌာနမှူး: "......"

ချင်ကျားရှု: "......"

သူ့ဆင်‌ခြေသူ ပေးပြီး ဌာနမှူး သူ့ငယ်ထိပ်ပေါ်လက်ထပ်ရောက်မည်ဆိုးသဖြင့် နောက်သို့ ကိုယ်အနည်းငယ်ရို့ထား၏။

ဗီလိန်ဗျူဟာWhere stories live. Discover now