Chapter 27 (pt 1)

137 34 0
                                    

အခန်း ၂၇ - မင်းကထူးဆန်းတဲ့လူပဲ

လန်ယွီ မျက်လုံးကို မှိတ်ထားသော်လည်း သူအိပ်မပျော်ပေ။ သူ့ဘေးမှလူမှာ မီးပြင်းဖိုကြီး တစ်ခုကဲ့သို့ပင် အပူများ ထုတ်လွှတ်နေပြီး သူ့ကိုနီးနီးကပ်ကပ် ပူးကပ်နေရာ သူ့တစ်ကိုယ်လုံး အယ်လ်ဖာ ရနံ့များဖြင့် လွှမ်းခြုံထား သကဲ့သို့ပင်။ သူ့ခန္ဓာကိုယ် ဘယ်ဘက်နှင့် လုရန်ခုန်း ခန္ဓာကိုယ် ညာဘက်မှာ ဘေးချင်းကပ် ဖြစ်နေရာ သူတို့နှစ်ဦးလုံး ဘောင်းဘီပွပွနှင့် အောက်ခံတီရှပ်သာ ဝတ်ထားသော်လည်း ပခုံးမှစ၍ ခြေတံများထိ တလျှောက်လုံး လောင်ကျွမ်းမတတ်ကို ပူနေသည်။

သူတောင့်တောင့်တင်းတင်း လှဲနေပြီး လှုပ်ရှားမှုလည်း မပြုလုပ်ရဲပေ။ သူ့ပုံစံမှာ ဖယောင်းရုပ်တုနှင့်ပါ အနည်းငယ် တူနေသည်။  သူအခုမှ နောင်တရ၍ မဆုံးနိုင်ဖြစ်နေသည်။ ထိုကဲ့သို့ ဖြစ်လာမည်မှန်းသာ သိခဲ့လျှင် သူအိပ်ရာ မာမာပေါ်တွင် အိပ်ရမည် ဆိုလျှင်တောင် မွေ့ရာကို ထိုသူဆီသို့ ပြန်ပေးခဲ့မည် ဖြစ်သည်။

သူ လုရန်ခုန်း အိပ်ပျော်နေပြီဟု ထင်ခဲ့သော်လည်း  ထိုသူမှာ ရုတ်တရက် သူ့နားကပ်လာတာ နှာတရှုံ့ရှုံ့ဖြင့် အနံခံလာသည်။
“ဘာလဲ?”
လန်ယွီ ချက်ချင်းပဲ နောက်သို့ဆုတ်လိုက်ကာ နံရံကိုကပ်သွားသည်။

“မင်းရဲ့ အနံ့ကမတူဘူး”

“ငါတို့အတူတူ ဒီဆပ်ပြာပဲ သုံးကြတာ ဘာလို့မတူရမှာလဲ?”
လန်ယွီ သူ့လက်ကို မြှောက်လိုက်ကာ မျက်နှာကို တွန်းထုတ်လိုက်သည်။

“မင်း အနံ့က ငါ့ထက် နည်းနည်း ပိုကောင်းတယ်”

လုရန်ခုန်း ပြောသည်။

လန်ယွီ အေးစက်စက် အသံဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း မနက်ဖြန် မင်းနဲ့ ဆပ်ပြာလဲသုံးမယ်”
“မလိုပါဘူး။ အယ်လ်ဖာပဲဟာ ဘာလို့အဲ့ဒါတွေ ဂရုစိုက်နေရမှာလဲ?”

“ဂရုမစိုက်ရင်လည်း ဘာလို့အနံ့လာခံနေလဲ?”

လုရန်ခုန်း ရယ်လိုက်ကာ ခေါင်းကိုလှည့်သွားပြီး မျက်လုံးပြန်မှိတ်သွားသည်။

ဒီတစ်ခါတော့ လုရန်ခုန်းမှာ အသက်ရှူသံ ဖြည်းဖြည်း မှန်မှန်ဖြင့် အိပ်ပျော်သွားပြီ ဖြစ်ကြောင်း လန်ယွီ ကြားလိုက်ရသည်။ သူသက်ပြင်းကို ဖြည်းဖြည်းသာသာချလိုက်ပြီး တစ်ဖက်သို့လှည့်ကာ နံရံဘက်သို့သာ မျက်နှာမူလိုက်ပြီး ငြိမ်ငြိမ်သက်သက် နေနေလိုက်သည်။ သူ့အောက်မှ မွေ့ယာမှာ နူးညံ့နေပြီး သူနောက်ကျောမှာလည်း နွေးထွေးနေရာ အိပ်ချင်စိတ်များ သူ့ဆီ တဖြည်းဖြည်း လွှမ်းမိုးလာပြီ ဖြစ်သည်။ 

စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်Where stories live. Discover now