'အော်...မင်းအမေ့လင်ဖြစ်လို့မျက်ကန်းခန္တာကိုယ်ထဲထည့်မှတော့...လိ့လိုငါကမစ်ရှင်လုပ်ရမှာလား'
'အော်...hostကကြင့်ကြံသူပဲမျက်စိမမြင်ရဘဲဘေးပတ်ဝန်းကျင်ကအရာတွေကိုအာရုံခံနိုင်တယ်လေ...အဲ့လောက်မဆိုးပါဘူးhostရ'
"ဟင်...ရှစ်ဇွင်းနိုးလာပြီး!...."
"ရှစ်ဇွင်းသက်သာရဲ့လားဟင်..."
"ရှစ်ဇွင်းအဆင်ပြေရဲ့လား..."
ယွင်ရှမျန်သူ့တပည့်တွေရဲ့မျက်နှာတွေကိုမတွေ့ရပင်မယ့်သူတို့မည်ပုံမည်သို့ပြုမူနေသည်ကိုခံစားမိနိုင်ကာအခန်းထဲမှာရှိသည့်ပစ္စည်းတွေရဲ့နေရာကိုလည်းသေချာခံစားမိသည်မလို့စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ကာခေါင်းညိမ့်လိုက်သည်။
"ရှစ်ဇွင်းအဆင်ပြေပါတယ်"
"ရှစ်ဇွင်း...ရှစ်ဇွင်းရဲ့ဒီတစ်ခေါက်အဆိပ်ထကြွမှုကအရမ်းအားကောင်းလာနေပြီနောက်တစ်ခါဆိုဆရာတူဦးလေးပေးထားတဲ့နတ်ဝိဉာဥ်မီးတောက်ဆေးမြစ်တွေကအဆိပ်ကိုဖိနိုပ်နိုင်တော့မှာမဟုတ်ဘူး"
"ရှစ်ဇွင်းအဆင်ပြေပါတယ်အာ့ရန်...ရှစ်ဇွင်းအဆိပ်ကိုကုသနိုင်ဖို့အတွက်နည်းလမ်းရှာကြည့်ပါအုံးမယ်"
ယွင်ရှမျန်သက်ပြင်းချကာပြောလိုက်သည်။
သူတို့ရှစ်ဇွင်းကိုကြည့်ကာအာ့ရန်ကသူ့ရဲ့ဆရာတူညီလေးနှစ်ယောက်ကိုတစ်ချက်ကြည့်ကာသက်ပြင်းချပြီးပြောလိုက်သည်။"ရှစ်ဇွင်းကျွန်တော်ဒီတစ်ခေါက်တောင်အောက်ဆင်းတာ...မီးသွေးကြော၉ခုကိုပိုင်ဆိုင်ထားတဲ့ခလေးတစ်ယောက်ကိုရှာတွေ့ခဲ့တယ်"
"သူ့ကိုရှစ်ဇွင်းအတွက်ကြောင့်နဲ့ဒုက္ခမပေးပါနဲ့အာ့ရန်..ရှစ်ဇွင်းရဲ့အဆိပ်ကိုကုသဖို့ဆိုသူ့ရဲ့မီးသွေးကြောတွေပါအသုံးပြုမှရမှာဆိုတာကိုသိတယ်မလား...အကယ်၍သူ့ရဲ့သွေးကြောတွေကိုသာသုံးလိုက်ရင်သူ့ရဲ့အခွင့်အလမ်းတွေကိုဖြတ်ပစ်လိုက်တာနဲ့အတူတူပဲ...အဲ့ဒါကြောင့်မလို့သူ့ကိုရှစ်ဇွင်းအတွက်နဲ့ဒုက္ခမပေးနဲ့အာ့ရန်....ရှစ်ဇွင်းဆရာတူအကိုတို့ကိုအကူအညီတောင်းပြီးအဆိပ်ကိုဖြေလို့ရမယ့်နည်းလမ်းကိုရှာကြည့်လိုက်ပါမယ်"