"အဟင်း...မင်းသိပါတယ်ရှစ်ဇွင်းရဲ့အဆိပ်ကအရမ်းပြင်းထန်နေပြီဆိုတာကို....ရှစ်ဇွင်းမသွားခင်ငါတို့ကိုမှာခဲ့တယ်...ဘာမှာခဲ့တာလဲသိလား...မင်းကိုကျွေးမွေးစောင့်ရှောက်ခဲ့တာအတွက်တန်ကြေးပြန်ယူသင့်ပြီတဲ့အဲ့ဒီတော့မင်းဆီကနေရှစ်ဇွင်းကငါတို့ကိုမီးသွေးကြော၉ခုကိုယူခိုင်းခဲ့တယ်...ရှစ်ဇွင်းကမင်းကိုဘာလိုဂရုစိုက်ခဲ့ပြီလဲဆိုတာသိပြီလား?....ရှစ်ဇွင်းကမင်းဆီကမီးသွေးကြော၉ခုကိုရချင်ရုံပဲ"
"မ...မဖြစ်နိုင်ဘူးဆရာတူအကိုကြီးမဟုတ်တာတွေမပြောပါနဲ့...ရှစ်ဇွင်းကကျွန်တော့်ကိုဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး"
"ဟုတ်တာပေါ့...လုပ်ကိုလုပ်အုံးမှာမင်းလိုနတ်ဆိုးသွေးနှောတစ်ကောင်ကိုရှစ်ဇွင်းကလိုချင်တာမရှိဘဲနဲ့ကာကွယ်စောင့်ရှောက်ပေးမယ်လို့ထင်နေတာလား"
အာ့ရန်ရဲ့စကားကြောင့်ရှန်မင်ရုံယွမ်မျက်နှာပျက်သွားရသည်။
ဒါဆိုရှစ်ဇွင်းကလည်းသူကနတ်ဆိုးသွေးနှောဆိုတာအစကတည်းကသိနေခဲ့တာလား?ဒါဆိုသူတစ်ယောက်တည်းကပဲရှစ်ဇွင်းကသူ့အပေါ်အရမ်းကောင်းတယ်ဆိုပြီးစိတ်ကူးတွေယဥ်နေမိခဲ့တာပေါ့...ရှစ်ဇွင်းလိုလူတစ်ယောက်ကသူနတ်ဆိုးသွေးနှောမှန်းသိတာတောင်မမောင်းထုတ်ခဲ့ဘဲတပည့်အဖြစ်လက်ခံစေခဲ့တာကသူဆီကမီးသွေးကြောကိုလိုချင်နေခဲ့တာပေါ့
လက်စသက်တော့ရှစ်ဇွင်းသူ့ကိုလက်ခံအောင်လုပ်ပေးခဲ့တာကသူ့ရဲ့မီးသွေးကြော၉ခုကြောင့်ပါဘဲ
အတွေးလွန်နေသည့်နတ်ဆိုးအရှင်သခင်ဟောင်းရဲ့သားကိုကြည့်ကာသွေးဝိဉာဥ်နတ်ဆိုးကမဲ့ပြုံးပြုံးလိုက်ကာသူသတိလွတ်နေသည်ကိုအခွင့်ကောင်းယူကာဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ငါ့ကိုမင်းရဲ့သွေးကြောတွေပေးပြီးသေလိုက်တော့"
လူ၃ယောက်ရဲ့တိုက်ခိုက်မှုကိုမျက်ဝန်းထောင့်မှမြင်လိုက်ရသည့်ရှန်မင်ရုံယွမ်ရဲ့မျက်ဝန်းတို့ကဒေါသနဲ့သတ်ဖြတ်လိုသည့်ဆန္ဒတို့ကထွက်ပေါ်လာကာတိုက်ခိုက်ချက်တွေကိုလက်သီးတစ်ချပ်ဖြင့်ဖယ်ရှားလိုက်သည်။