arc-8.03

413 30 0
                                    

မျှန်ဟွမ်းတောင်ရဲ့တောင်ခြေမှာရှိသည့်စီရင်စုမြို့ငယ်လေးအတွင်းမှာရှိသည့်အဆင့်မြင့်တည်းခိုခန်းတစ်ခု၌စကားပြောသံတွေဖြင့်ဆူညံပွတ်လောရိုက်နေကာထိုအသံတွေနဲ့ဆန့်ကျင့်ဘက်ဖြစ်ကာဒုတိယထပ်ကသီးသန့်ခန်းတစ်ခုအတွင်းမှာရှိနေသော၅နှစ်အရွယ်ခလေးလေးမှာတော့တည်ညိမ်စွာထိုင်နေကာသူ့ရဲ့မျက်ဝန်းတွေကတော့မျှန်ဟွမ်းတောင်ပေါ်ကိုသာကြည့်နေကာသူ့ကိုပြန်လာခေါ်မည့်ဟုပြောထားခဲ့သည့်ကြင့်ကြံသူလူငယ်လေးကိုစောင့်ဆိုင်းနေခဲ့လေသည်။

ခလေးငယ်ရဲ့မျက်နှာကတည်ညိမ်နေပေသော်လည်းသူ့ရဲ့မျက်ဝန်းတွေကတော့ကြင့်ကြံသူလူငယ်လေးကသူ့ရဲ့စကားအတိုင်းသူ့ကိုပြန်လာမခေါ်မည်ကိုစိုးရိန်ကြောင်းကြနေဟန်ကအထင်းသာပေါ်လွင်နေလေသည်။

ရှန်မင်ရုံယွမ်သက်ပြင်းကိုခပ်လေးလေးချလိုက်ကာသူ့ရဲ့သည်းခံစောင့်ဆိုင်းသည့်အချိန်ကကုန်ဆုံးသွားပြီဖြစ်သည့်အတွက်ထိုင်နေရာမှထလိုက်ကာတည်းခိုခန်းကနေထွက်လာခဲ့လိုက်သည်။

တည်းခိုခန်းမှထွက်လာပြီးနောက်ကြောက်စိတ်ကိုထိန်းချုပ်ကာတောင်ခြေ၌ရှိသည့်လှေကားထစ်တွေအတိုင်းတောင်ပေါ်တက်လာခဲ့လိုက်သည်။

ပတ်ဝန်းကျင်း၌သူမသိသည့်ကျောက်မျက်ရတနာတွေကအလင်းတွေကိုထုတ်လွှတ်ပေးနေခဲ့သည့်အတွက်ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်ရနေလေသည်။

တောင်ပေါ်ကိုထိုလမ်းအတိုင်းတက်လာခဲ့ကာနာရီဝက်လောက်လှည်ကားရှည်ကြီးတွေကိုဖြတ်ကျော်ပြီးနောက်သူ့ပတ်ဝန်းကျင်ကမီးအလင်းရောင်တွေကပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရတာမလို့ရှန်မင်ရုံယွမ်ထိတ်လန့်သွားရကာလကွယ်ညဖြစ်သည့်အတွက်လရဲ့အလင်းရောင်ကိုလည်းအပူအညီမရနိုင်တော့သည့်အတွက်ရှန်မင်ရုံယွမ်ရဲ့ရင်ထဲရှိစိုးထိတ်ကြောက်လန့်နေသည့်ခံစားချက်ကပိုပိုမြင့်တက်လာကာသူ့ရဲ့သေးငယ်တဲ့နှခမ်းလေးတွေကမဲ့ရှုံ့လာကာမျက်လုံးဝိုင်းကြီးတွေကမျက်ရည်လေးတွေပြည့်လျှံလာကာ

အားတင်းကာစုစည်းထားသည့်သူ့ရဲ့သတ္တိတွေကကုန်ဆုံးသွားကြောင်းကိုပါးပြင်အိအိကြီးတွေပေါ်စီးကျကာမြေပြင်ပေါ်ကျဆင်းသွားသောမျက်ရည်စတွေကအတည်ပြုပေးနေခဲ့ကာ

systemကငါ့ကိုဗီလိန်ကြီးရဲ့လက်ထဲအတင်းထိုးထည့်နေတယ်!(book2)Where stories live. Discover now