"ဒီကောင်မလေးကတော့အကိုကိုပမာမခန့်နဲ့"
ပိုင်ခန့်ကစိတ်ဆိုးဟန်ပြုလိုက်ကာခင်လေးမြိုင်ရဲ့ခေါင်စကိုအသာလှန်းထုကာပြောလိုက်တော့ခင်လေးမြိုင်ကလျှာထုတ်ကာပြောင်ပြလိုက်ပြီးရယ်မောလိုက်သည်။
"အမေ့သားကြီးရယ်အဲ့လိုလေးပြုံးနေစမ်းပါ...မျက်နှာလေးကချောပါရက်နဲ့မှုန်ကုတ်ကုတ်ကြီးပဲမနေနဲ့သားနဲ့လိုက်ဘူးကွဲ့"
မီးဖိုချောင်ထဲကလိုက်ပါထွက်လာသည့်ခင်မြိုင်ကသူမသားကြီးကိုကြည့်ကာပြောလိုက်သည်။
ပိုင်ခန့်ကသူ့အမေရဲ့ခါးကိုဖက်တွယ်ကာချွဲပြီးပြောလိုက်သည်။
"အင်းပါအမေရဲ့...သားကအမေ့စကားနားထောင်မှာပါ..ရွှတ်"
"အယ်..အယ်...မျက်နှာလည်းမသစ်ရသေးဘဲနဲ့သူများအမေကိုလိုက်နမ်းနေတယ်ရော်"
ခင်လေးမြိုင်ကမျက်ခုံးပင့်ကာသူမအကိုကိုစနောက်ကာပြောလိုက်လေသည်။
ပိုင်ခန့်ကသူမကိုနှခမ်းမဲ့ကာမေးသာဆက်ပြလိုက်သည်။"ကဲ...ဒီသားအမိတွေဘာတွေစကားများနေကြတာလည်းဒီမှာထမင်းစားဖို့စောင့်နေတာလေကွာ...ဗိုက်ဆာနေပြီး"
"လာပါပြီတော်....တော်ကလည်းအဖြစ်သည်းနေလိုက်တာနည်းနည်းပါးပါးစောင့်မှပေါ့....ကဲ...သားလည်းမျက်နှာသွားသစ်တော့ခဏနေကျရင်မနက်စာစားပြီးရင်မင်းညီမဘုန်းကြီးကျောင်းသွားတာလိုက်ပို့ပေးလိုက်အုံး"
"ဟုတ်.."
ပိုင်ခန့်ခေါင်းတဆက်ဆက်ညိမ့်ပြလိုက်ကာအိမ်အပြင်ထွက်လာခဲ့လိုက်ကာနောက်ဖေးဘက်မှာရှိတဲ့ရေကန်ဆီလာခဲ့လိုက်ကာမျက်နှာသစ်ကာသွားတိုက်ပြီးသည်နှင့်ရေချိုးကာအဝတ်အစားလဲပြီးထွက်လာခဲ့လိုက်သည်။
မနက်စာစားပြီးနောက်ဆွမ်းချိုင့်ကိုင်ကာဇာတ်လိုက်မနဲ့အတူစကားတပြောပြောနဲ့ထွက်လာခဲ့လိုက်သည်။
"အာစရိ...အာစရိဘုန်းကြီးကျောင်းသွားတော့မလို့လား"
ခြံထဲကနေအာစရိတို့မောင်နှမနှစ်ယောက်ထွက်လာသည်ကိုတွေ့သည်နှင့်သံချောင်းကပုတိုတို့ထက်အရင်ဦးအောင်ပြေးသွားလိုက်ကာတက်ကြွစွာမေးလိုက်သည်။