သူဖော်ထုတ်ရမည့်မစ်ရှင်ကလည်းဇာတ်လိုက်နဲ့သက်ဆိုင်နေသည်ဟုခံစားနေရကာပထမမစ်ရှင်နဲ့ဒုတိယမစ်ရှင်ကလည်းပြီးမြောက်ဖို့အတွက်ဇာတ်လိုက်အပေါ်သာမူတည်နေပြန်လေသည်။
ထိုကြောင့်သူဇာတ်လိုက်ကိုမည်သို့အဝေးနှင်ထုတ်လို့ဖြစ်မည်နည်း?
ယွင်ရှမျန်သက်ပြင်းသာချလိုက်ကာတွေဝေသည့်ဟန်ဆောင်ကာပြောလိုက်သည်။
"ကျွန်တော်စဥ်းစားလိုက်အုံးပါမယ်ဆရာတူအကို...ကျွန်တော်ကိုအချိန်နည်းနည်းတော့ပေးပါအုံး....စိတ်ချပါဆရာတူအကိုတို့စိတ်ပူရစေမယ့်ဆုံးဖြတ်ချက်ကိုကျွန်တော်သေချာပေါက်ရှောင်မှာပါ"
"ဟုတ်ပါပြီး...ဒါဆိုအကိုတို့မင်းရဲ့ဆုံးဖြတ်ချက်ကိုအလေးထားနေမှာပါ"
"ကျွန်တော့်ကိုခွင့်ပြုပါအုံးဆရာတူအကိုတို့"
"ပြန်တော့မလို့လားဆရာတူညီလေး?"
"ဟုတ်...တပည့်တွေပဲကျန်ခဲ့တော့စိတ်မချလို့ပါ..."
"အေးအေး...ဂရုစိုက်ပြန်အုံး"
"ဟုတ်ကဲ့ပါဆရာတူအကိုကြီး"
ယွင်ရှမျန်ဆရာတူအကိုတွေကိုနှုတ်ဆက်ကာယီကျွင်းဂိုဏ်းကနေထွက်ခွာလာခဲ့လိုက်သည်။
ယွင်ရှမျန်ဓားပျံစီးကာမျန်ဟွမ်းတောင်ထွက်ကိုပြန်ရန်အတွက်တောင်ကြီးကိုဖြတ်ရန်ကြံနေတုန်းမှာပင်သူစီးလာသည့်ဓားပျံကရပ်တန့်သွားကာမျက်မှောင်ရေးရေးကြုံ့လိုက်သည်။
သူ့ကိုရှစ်ဇွင်းကသတိပြုမိသွားပြီဆိုတာကိုရှန်မင်ရုံယွမ်သိလိုက်သည့်အတွက်ဖီးနစ်ငှက်အမျိုးသမီးကိုပြန်ရန်ပြောလိုက်ပြီးသူခဏနေကျရင်နတ်ဆိုးဂိုဏ်းကိုလိုက်လာမည်ဖြစ်ကြောင်းမှာလိုက်ကာထိုအမျိုးသမီးကိုပြန်လွှတ်လိုက်ကာရှစ်ဇွင်းဆီဦးတည်ကာပျံသန်းသွားလိုက်သည်။
"ယွမ်အာ?"
ရင်းနှီးနေသည့်အသက်ရှူသံတွေကြောင့်ယွင်ရှမျန်နားမလည်စွာခေါ်လိုက်သည်။"ဘယ်လိုဖြစ်လို့ဒီကိုရောက်...."
"ဘာလည်းရှစ်ဇွင်းသတ်ခိုင်းလိုက်တဲ့နတ်ဆိုးကောင်ကမသေဘဲရှစ်ဇွင်းရှေ့ကိုပြန်ရောက်လာလို့အံ့သြပြီးမယုံကြည်နိုင်ဖြစ်နေတာလာ?!"