သစ္စာမရှိသည့်နတ်ဆိုးအကြီးအကဲအများစုကတော့ပျော်ရွှင်နေကြလေသည်။
သူတို့မျက်လုံးတွေကတစ်ယောက်ကိုတစ်ယောက်သတိကြီးကြီးထားကာကြည့်ကာနတ်ဆိုးအရှင်သခင်အသစ်ဖြစ်ဖို့အတွက်သူတို့တွေကမျှော်လင့်နေကြလေသည်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကနတ်ဆိုးဂိုဏ်းအရှင်မကအဆင့်တက်ရာမှာကျဆုံးသွားသည်ထင်မှတ်သွားကြသည့်အချိန်မှာစူးရှသည့်ငှက်အော်သံကလေထုထဲ၌ထွက်ပေါ်လာကာအရိပ်သက်တော်စောင့်တွေရဲ့မျက်လုံးတွေကတောက်ပသွားကြသလိုနတ်ဆိုးအကြီးအကဲတချို့ရဲ့မျက်နှာကမဲမှောင်သွားကာအံကြိတ်လိုက်မိသည်။
သိသိသာသာအရွယ်အစားပိုကြီးမားသွားသည့်ဖီးနစ်ငှက်ကြီးကနတ်ဆိုးဂိုဏ်းသားတွေအရှေ့မှာဆင်းသက်လာကာသူ့ရဲ့ခြေထောက်ကမြေပြင်နှင့်ထိသည့်နှင့်အနက်ရောင်အဝတ်အစားတွေနဲ့မျက်ဝန်းနီတွေကိုပိုင်ဆိုင်ထားသည့်အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားကာသူမရဲ့မျက်ဝန်းတွေကအရှေ့ဆုံးကအရိပ်သက်တော်စောင့်ထံရောက်ရှိသွားလေသည်။
အရိပ်သက်တော်စောင့်ကအလိုက်တသိပင်အရှေ့တက်ကာဦးညွှတ်လို့ပြောလိုက်သည်။
"အရှင်သခင်ရဲ့တည်နေရာကိုအကြမ်းဖျင်းရှာတွေ့သွားပါပြီးအရှင်...အရှင်သခင်ကအခုဆိုနတ်ဆိုးဝိဉာဥ်ကိုအပြည့်အဝနှိုးထနိုင်သွားပြီဖြစ်တဲ့အတွက်သူ့ကိုရှာဖွေဖို့ပိုလွယ်ကူသွားပါပြီး"
"ကောင်းပြီး...တာဝန်ကျေတယ်ငါမရှိတဲ့အတောအတွင်းပုန်ကန်ထကြွမှုရှိသေးလား"
ချန်တုံလန်ရဲ့မျက်ဝန်းတွေကကျဥ်းမြောင်းသွားကာနတ်ဆိုးအကြီးအကဲတွေကိုစိုက်ကြည့်ကာထိုစကားစုကိုဆိုလိုက်သည်။
အရိပ်သက်တော်စောင့်ကခေါင်းညိမ့်ပြကာ...
"အရှင်မရှိတာကိုအခွင့်ကောင်းယူပြီးပုန်ကန်ထကြွတဲ့နတ်ဆိုးအငယ်လေးတွေရှိပင်မယ့်ကျွန်တော်တို့တွေအကုန်လုံးကိုရှင်းပစ်လိုက်ပါတယ်"
"အင်း..လုပ်တာကောင်းတယ်...ငါအခုအရှင်သခင်ကိုသွားခေါ်တော့မယ်...မင်းတို့တွေလက်ထဲကိုနတ်ဆိုးဂိုဏ်းကိုပြန်အပ်ခဲ့မယ်"