တဖက်ကပိုင်ခန့်ကတော့မူးနေသည့်အတွက်အသိစိတ်လွတ်နေသော်ငြားလည်းကျန်ရှိနေသည့်အသိစိတ်ရေးရေးကရင်းနှီးနေသည့်အနမ်းအငွေ့အသက်ကြောင့်စိတ်ဝိဉာဥ်ရဲ့တုန်ခါသွားမှုကိုခံစားမိလိုက်ကာတုံ့ပြန်အနမ်းတွေကိုပိုတိုးကာပေးလိုက်မိသည်။
ကြာလေမသွေးနိုင်အောင်ဖက်တွယ်ကာနမ်းရှိုက်နေသောလူနှစ်ယောက်မှာပတ်ဝန်းကျင်ကိုမေ့လျော့နေကြလေသည်။
စောဒီပသူ့ခလေးငယ်ကအနမ်းကိုမတုံ့ပြန်တော့တာမလို့မျက်လုံးဖွင့်ကာကြည့်မိတော့အိပ်မောကျနေပြီဆိုတာကိုတွေ့လိုက်ရတာမလို့အိထွေးထွေးနှခမ်းလေးကိုလွှတ်ပေးလိုက်ကာခပ်သောသောရယ်မောလိုက်မိသော်လည်းသူ့ခလေးငယ်ကိုကုန်းပိုးကာထန်းတောထဲကထွက်ကာရွာထဲဝင်လာခဲ့လိုက်သည်။
"ဟော...မောင်စောဒီပတောင်ရောက်လာပါပေါ့လား...ဟင်...သားကြီးကဘယ်လိုဖြစ်လို့အဲ့လောက်တောင်မူးရူးလာရတာလဲ....အားနာလိုက်တာမောင်စောဒီပရယ်"
စောဒီပသူ့ရဲ့အနာဂတ်ယောက္ခမကြီးကိုကြည့်ကာခေါင်းခါကာ....
"ရပါတယ်အဒေါ်အားနာစရာမလိုပါဘူးဗျ...ဟို...ဦးလေးရောမသိဘူးဗျ?"
"မင်းဦးလေးကလမ်းခင်းဖို့အတွက်ရွာထဲမှာအလှူငွေကောက်သွားနေလေရဲ့....ကူညီလက်စနဲ့သူ့ကိုအခန်းထဲလိုက်ပို့ပေးပါအုံးကွယ်"
"ဟုတ်ကဲ့ရပါတယ်အဒေါ်"
စောဒီပအဒေါ်ခင်မြိုင်ခေါ်သွားရာနောက်လိုက်သွားလိုက်လေသည်။
"အမေအကိုကဘယ်လိုဖြစ်လာတာလဲ"
ခင်လေးမြိုင်ကထမင်းချက်နေရင်းတန်းလန်းနဲ့မီးဖိုချောင်ထဲကထွက်ကာမေးရသည်မလိုလက်ထဲမှာလည်းယောင်းမကြီးတကားကားနဲ့ဖြစ်နေကာမြို့စားမင်းကျောပေါ်နှစ်ခြိုက်စွာအိပ်နေသည့်သူမအကိုကိုကြည့်ကာမေးလိုက်သည်။
"ဘာဖြစ်ရမလဲသမီးရယ်...ညည်းအကိုကထန်းရည်တွေဘယ်လောက်တောင်သောက်ခဲ့သလဲမှမသိတာ...အခုတော့မောင်စောဒီပကိုအားနာစရာတွေဖြစ်ကုန်ပြီးကွယ်"
ဒီပခွန်နောင်အပြင်ဘက်ကကြွက်စီကြွက်စီအသံတွေကြောင့်နိုးလာရကာဒဏ်ရာကိုဖိကိုင်ကာထထိုင်လိုက်သည်။