အကျဥ်းထောင်တစ်ခုနှယ်မှောင်မှိက်နေသည့်နေရာတစ်ခု၌မေ့မျောနေသောလူငယ်လေးတစ်ယောက်မှာရှည်လျားသည့်ဆံနွယ်ရှည်တွေကိုပိုင်ဆိုင်ထားပြီးသူ့ရဲ့လှပကာနတ်ဘုရားသဖွယ်မျက်နှာထက်၌ပွန်းပဲ့ရာတချို့ကရှိနေကာသူ့ကိုသနားစဖွယ်အသွင်ဆောင်သွားစေလေသည်။
အဖြူရောင်ဆံနွယ်တွေကမဖီးသင်းတာကြာပြီဖြစ်သည့်အတွက်အနည်ငယ်ရှုပ်ထွေးနေခဲ့ကာသူ့ရဲ့ဖြူဖွေးနေသည့်လက်ကောက်ဝတ်တွေထက်မှာတော့အချည်ခံထားရသည့်ကြိုးရဲ့တင်းကျပ်မှုကြောင့်အလျှိုးရာပင်ထင်နေခဲ့လေပြီဖြစ်ကာထိုကြိုးတွေကသူတချက်လှုပ်သည်နှင့်ပိုမိုတင်းကြပ်သွားမည့်ဟန်ရှိနေလေသည်။
လူငယ်လေးရဲ့ဓားသွားသဏ္ဍာန်မျက်ခုံးတွေကအနည်းငယ်မျှစုကြုံ့သွားကာမှောင်နေသည့်အခန်းကလေပူတွေကိုသာပေးအပ်သည့်အတွက်အသက်ရှူရခက်စေခြင်းကသူ့ကိုနှိုးလိုက်ခြင်းပင်ဖြစ်လေသည်။
မြစိမ်းရောင်အဆင်းရှိကာဒေါင်လိုက်မြွေတစ်ကောင်ရဲ့မျက်လုံးတွေလိုဖြစ်နေသည့်မျက်ဝန်းတွေကဖွင့်လာကာသူ့ရဲ့အလိုမကျမှုကြောင့်ထိုမျက်ဝန်းတွေကပိုမိုစူးရှသွားကာအပ်တစ်ချောင်းပမာဏထက်အနည်းငယ်သာကြီးသည့်အရွယ်အစားအထိသေးငယ်သွားလေသည်။
ဗလာနတ္ထိဖြစ်နေသောဦးခေါင်းကကိုက်ခဲမှုကြောင့်လူငယ်လေးကခေါင်းကိုကိုင်ရန်ပြင်လိုက်သော်လည်းသူလှုပ်သည်နှင့်အလိုအလျောက်ပိုမိုတင်းကြပ်သွားသောလက်တွေကြောင့်သူ့မျက်လုံးတွေကပိုမိုသက်ဝင်လှုပ်ရှားသွားကာအကြည့်တွေကအချုပ်ခံအနှောင်ခံထားရသည့်လက်တွေထက်ကျရောက်သွားလေသည်။
လူငယ်လေးရဲ့နားမလည်နိုင်စွာပဟေဠိဖြစ်နေသည့်မျက်ဝန်းတွေကသူမသိလိုက်ခင်မှာတင်ပိုမိုတောက်ပသွားလေသည်။
"ကျစ်!"
ရုတ်တရက်အလုအယတ်တိုးဝင်လာသောအသိဉာဏ်အစိတ်အပိုင်းတွေကြောင့်နာကျင်စွာကျစ်သက်လိုက်မိကာနံရံကိုမှီကာေခတ္တမှေးနေလိုက်ပြီးနောက်တလက်စတည်းနာကျင်မှုအနည်ထိုင်သွားပြီးနောက်ထိုအသိဉာဏ်တဖြစ်လည်းမှတ်ဉာဏ်တွေကိုကြည့်ရှူလိုက်သည်။