သူတို့ကရင်းနှီးနေသည့်ပုံရိပ်တစ်ခုကဥမင်လှိုင်ခေါင်းအတွင်းမှထွက်လာသည်ကိုတွေ့တော့ပျော်ရွှင်စွာအနားရောက်သွားကြလေသည်။
"ရင်း!...အိမ်ကနေပြန်လည်ကြိုဆိုပါတယ်..."
"ရင်းအခြေအနေကောင်းတယ်မလားဘယ်လိုလဲ?"
လူတွေရဲ့အမေးနောက်မှာရင်းကဆက်ဖုံးကွယ်စရာမလိုတော့သည့်အတွက်ခေါင်းစွတ်ကိုဖယ်ချလိုက်သည်။
သူ့ရဲ့ခလေးဆန်ဆန်မျက်နှာကလူတိုင်းရဲ့အမြင်မှာထွက်ပေါ်လာလေသည်။
"အားလုံးအဆင်ပြေတယ်...စစ်တပ်ကကျွန်တော်တို့တွေရဲ့တည်ရှိမှုကိုရှာတွေ့သွားပြီဖြစ်တဲ့အတွက်သူတို့တွေကျွန်တော်တို့ကိုလိုက်ရှာနေလောက်ကြပြီး...ဒါပေမယ့်စိုးရိန်စရာမရှိဘူးအခုဆိုဇာ့အင်ပါယာကထီးနန်းလုကိစ္စနဲ့ရှုပ်ထွေးနေတာ"
"အိုး...ဒါဆိုဒါကကျုပ်တို့အတွက်အခြေအနေကောင်းပဲပေါ့!..."
"ဟုတ်တယ်...အဲ့ဒါကြောင့်မလိုကျွန်တော်ဒီကိုအသိပေးဖို့လာခဲ့တာ....စစ်ပွဲကမကြာခင်ဖြစ်လာတော့မယ်လူတိုင်းကြိုတင်ပြင်ဆင်ထားကြပါ"
"ရေး...လူသားတွေရဲ့ရွှေရောင်နေ့သစ်တွေကိုပြန်ရရှိမယ့်အချိန်ရောက်ပြီကွ!"
လူတိုင်းကပျော်ရွှင်အားရစွာဟစ်ကြွေးလိုက်ပြီးရင်းနဲ့စကားတချို့ပြောကာကိုယ့်အလုပ်ကိုယ်လုပ်ရန်အတွက်တက်ကြွစွာပြန်သွားကြလေသည်။
ရင်းကတော့သူ့ရဲ့ဇာ့ဂ်ခန္တာကိုယ်နဲ့သာသူ့အဖေဆီကိုအပြေးသွားတွေ့တော့သည်။
သူ့အဖေရှိနေသည့်ရုံးခန်းကိုရောက်တော့ရုံးခန်းတံခါးကိုခေါက်လိုက်သည်။"ဘယ်သူလဲဝင်ခဲ့လေ"
သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ရဲ့အသံအနောက်မှာအမျိုးသမီးတစ်ယောက်ရဲ့အသံသဲ့သဲ့ကိုပါကြားနေရတာမလို့သူ့အမေလည်းဒီမှာပဲဆိုတာရင်းသိလိုက်သည်။
ရင်းတံခါးကိုဖွင့်လိုက်တော့လူနှစ်ယောက်ရဲ့အကြည့်တွေကသူ့အပေါ်ရောက်လာခဲ့ကာခင်ပွန်းသည်အတွက်ကော်ဖီဖျော်ပေးနေသောရွမ်ဝမ်မှာသားဖြစ်သူကိုတွေ့လိုက်ရတာမလို့လက်ထဲကကော်ဖီခွက်ကိုချကာအနားရောက်လာသည့်သားကိုတနင့်တနဲပွေ့ဖက်လိုက်သည်