ကိုကိုရဲ့လုပ်ရပ်တွေကတကယ့်ကိုဒွိဟဖြစ်စရာပင်ဖြစ်ကာတစ်ခါတစ်လေကျရင်မှတ်ဉာဏ်မပါလာတာသေချာရဲ့လားဟူပင်သူတွေးမိစေသည်။
ညတုန်းကကိစ္စကကိုကိုအိပ်ရင်းယောင်ကာပြုလုပ်သည်ဟုဖြည့်တွေး၍ရသော်လည်းအခုလိုသူမနိုးခင်ကတည်းကနိုးနေသည့်အချိန်မှာတောင့်ထိုသို့အိပ်စက်နေသည့်အပေါ်ဘာမှမထူးဆန်းသည့်အတိုင်းသူ့ကိုတောင်ပြန်စနောက်နိုင်နေသေးသည်။
ရိပေါ်အတွေးနယ်ကျံနေသည်မှာမည်မျှပင်ကြာသွားသည်မသိအေးစက်စက်လက်တဖက်ကသူ့ပါးပေါ်ဖိကပ်လာမှလန့်ဖြန့်ကာတုန်တက်သွားပြီးအလန့်တကြားမော့ကြည့်လိုက်တော့ပြုံးစစမျက်နှာဘေးနဲ့ငုံ့ကြည့်နေသည့်လူကိုမြင်မှသက်ပြင်းချလိုက်မိကာမကျေမနပ်ပြောလိုက်သည်။
"ဘယ်အချိန်တည်းကရောက်နေတာလဲကျန့်ကော...အသံလေးဘာလေးပေးမှပေါ့"
"ကိုယ်ရောက်နေတာဖြင့်ကြာလှပြီးဝမ်ဝက်ပေါက်ကဘာတွေအတွေးများနေမှန်းမှမသိတာ...ထ..မျက်နှာသွားသစ်တော့ကိုယ်မင်းကိုစောင့်နေမယ်"
"အွန်း...ပြီးရော..."
ရိပေါ်ခေါင်းသာညိမ့်ပြလိုက်ကာရေချိုးခန်းထဲဝင်သွားလိုက်ပြီးမျက်နှာသစ်ကိုယ်လက်သန့်စင်ကာထွက်လာခဲ့လိုက်သည်။
"သွားမယ်ကျန့်ကော"
"Okဗျာ"
ရှောင်းကျန့်နဲ့ရိပေါ်အခန်းထဲကနေအတူ
ထွက်လာပြီးနောက်အောက်ထပ်ကိုဆင်းကာဝမ်မိသားစုနဲ့အတူရှောင်းကျန့်မနက်စာစားပြီးနောက်အပန်းဖြေရန်ထွက်လာသည့်ခရီးဖြစ်သည့်အလျောက်လော့ရန်ကိုလာချိန်မှာဘာအလုပ်မှမသယ်လာခဲ့တာမလို့အလွန့်အလွန်အားလက်နေတာမလို့အပြင်လည်ခေါ်ရန်အတွက်ရိပေါ်ကိုအကူအညီတောင်းလိုက်သည်။"အွန်း...ရပါတယ်ကျွန်တော်လည်းအလုပ်အားနေတာပဲ..အဆင်ပြေတယ်ကျန့်ကောဘယ်က်ိုသွားချင်လို့လဲ"
"အင်း...အပန်းဖြေလို့ကောင်းမယ့်နေရာပေါ့...မြင်းခြံကိုသွားရအောင်ကိုယ်ပိုင်တဲ့မြင်းခြံတစ်ခုဒီမှာရှိတယ်နောက်ပြီးအဲ့ဒီမှာတခြားအပန်းဖြေစရာတွေလည်းအများကြီးရှိသေးတယ်ကိုယ်ထက်တိုးချဲ့ဆောက်ထားပေမယ့်မသွားဖြစ်သေးဘူး...အခုရောက်တဲ့အချိန်ကိုအခွင့်ကောင်းယူပြီးအဲ့ဒီကိုသွားစစ်ဆေးကြည့်ရမယ်...နောက်ပြီးကိုယ်ကြားထားတာရှင်းမျန်ဆိုတဲ့အသစ်ဆောက်ထားတဲ့ပန်းခြံကဒီမှာအရမ်းနာမည်ကြီးနေတယ်ကြားတယ်ကိုယ်တို့ပြီးရင်အဲ့ကိုသွားကြတာပေါ့.."