အပူနဲ့အအေးရဲ့တိုက်ခိုက်မှုကြောင့်ယွင်ရှမျန်ရဲ့မျက်နှာကနာကျင်မှုကြောင့်မဲ့သွားကာနာကျင်စွာညဥ်းညူသံတိုးတိုးကထွက်ပေါ်လာကာမသိစိတ်ရဲ့စေခိုင်းမှုကြောင့်သူ့ကိုပွေ့ဖက်ထားသည့်လူဆီတိုးဝင်သွားမိကာသူ့နှုတ်မှလည်းအမည်တချို့ကိုတီးတိုးရေရွတ်နေလေသည်။
"ကျန့်ကော....ဟင့်....ကျန့်ကော..."
ရှန်မင်ရုံယွမ်သူတစ်ခါမှမကြားဖူးသည့်လူကိုခေါ်နေသည့်ရှစ်ဇွင်းကြောင့်လက်သီးတင်းတင်းဆုတ်လိုက်မိသည်။
သက်ပြင်းသာချကာစိတ်လျော့လိုက်ပြီးရှစ်ဇွင်းရဲ့ထကြွလာသည့်အဆိပ်နဲ့ရေခဲစွမ်းအင်တွေကိုဖိနိုပ်ပေးလိုက်ပြီးမျက်နှာလှလှလေးကိုလက်လက်ဖဝါးကျယ်ကြီးဖြင့်ဖျစ်ညစ်ကာစူထွက်လာသောနှခမ်းလုံးလုံးလေးကိုငုံထွေးကာခပ်ဆက်ဆက်လေးကိုက်ချလိုက်မိသည်။
သူ့ရဲ့မျက်လုံးတွေကနက်မှောင်နေကာသဝန်တိုသည့်အငွေ့အသတ်တွေကသူ့ဘေးပတ်ပတ်လည်၌ဝေ့ဝဲနေကာသူ့မျက်ဝန်းတွေထဲရယူပိုင်ဆိုင်လိုက်သည့်အရိပ်အယောင်တွေနဲ့မနာလိုသည့်အရိပ်အယောင်တွေကထွက်ပေါ်လာလေသည်။
ရှန်မင်ရုံယွမ်သူ့ကိုက်ချက်ကြောင့်ရှစ်ဇွင်းထံမှညဥ်းသံတိုးတိုးထွက်ပေါ်လာမှလွှတ်ပေးလိုက်ကာညိမ်သက်စွာအိပ်မောကျနေသည့်ရှစ်ဇွင်းကိုကြည့်ကာနှာမှုတ်ကာလေပူတွေကိုမှုတ်ထုတ်လိုက်သည်။
"သဝန်တိုရအောင်မလုပ်နဲ့ရှစ်ဇွင်း....ဒီကောင်သဝန်တိုရဖန်များလာရင်ရှစ်ဇွင်းကိုအပိုင်သိမ်းမိလိမ့်မယ်"
ထိုစကားတချို့ကိုရေရွတ်လိုက်ပြီးရှန်မင်ရုံယွမ်ရှစ်ဇွင်းရဲ့အဆောင်ထဲကပြန်ထွက်လာလိုက်ကာသူ့အဆောင်ကိုသူပြန်လိုက်လေသည်။
........
ယွင်ရှမျန်နိုးလာတော့သူ့ခန္တာကိုယ်ထဲကထကြွနေသည့်ချီတွေကပုံမှန်အတိုင်းပြန်ဖြစ်သွားသည်မလို့သူ့တပည့်လေးသူ့ကိုကူညီပေးထားမှန်းသဘောပေါက်လိုက်သည်။"သောက်ချီး....သေေရာ...ရှိသမျှသောက်ရှက်တွေတော့အကုန်ကွဲးပါပြီကွာ"
ယွင်ရှမျန်သူ့ကိုယ်ပေါ်မှာအဝတ်အစားတစိုးတစိမျှမရှိသည်ကိုသတိရသွားကာသူထလိုက်လို့လျှောကျသွားသည့်စောင်ကိုပြန်ဆွဲတင်လိုက်ကာမချိတင်ကဲရေရွတ်လိုက်ပြီးသတိမဲ့လွန်းသည့်ကိုယ့်ကိုကိုယ်သာထုရိုက်လိုက်ချင်သည်။