"အွန်းပါ....မင်းအဆင်ပြေသလိုသာစီစဥ်ပါ...မင်းမိဘတွေရော?"လန်ချန်ခေါင်းညိမ့်ကာရင်းရဲ့စကားတွေကိုလက်ခံလိုက်သည်။
သူ့အနေနဲ့ဒီကမ္ဘာကိုဝိဉာဥ်ကူးပြောင်းလာတာမကြာသေးသည့်အတွက်ဇာ့ဂ်မျိုးနွယ်တွေပေါ်သာမာန်ထက်လွန်ကဲသည့်သံယောဇဥ်မျိုးရှိမနေပေထိုကြောင့်စကားလမ်းကြောင်းလွှဲးသည့်အနေနဲ့မေးလိုက်သည်။
"အဖေနဲ့အမေကလူသားတွေပြန်အခြေချနေထိုင်နိုင်ဖို့အတွက်ဒီကမ္ဘာကိုသန့်ရှင်းရေးလုပ်တဲ့နေရာမှာအမိန့်ပေးပြီးအလုပ်လုပ်နေကြတယ်"
"ဟမ်....အဲ့ဒါကိုမင်းကဒီမှာဘာလုပ်နေတာလဲသွားဝိုင်းမကူဘဲနဲ့"
"ရတယ်အဖေကကိုယ့်ကိုခလေးငယ်အနားမှာဘဲဂရုစိုက်နေပေးဖို့ပြောထားတာကိုယ်ပါလည်းဘာမှမထူးဘူးလေ"
"အွန်း...မင်းကဘာလဲလူသားတပိုင်းဇာ့ဂ်တစ်ပိုင်းလား?"
လန်ချန်ကဇာ့ဂ်မျိုးနွယ်နဲ့လုံးလုံးလျားလျားကြီးမတူသည့်ရင်းကြောင့်သိချင်စိတ်ဖြင့်မေးလိုက်သည်။
ရင်းကသူ့အမြီးကိုပွေ့ဖက်ကာပါးဖြင့်ပွတ်သက်နေရင်းမှ.....
"အွန်း...ကိုယ့်အဖေအရင်းကလူသားတစ်ယောက်ကိုယ့်အမေအရင်းကဇာ့ဂ်အမတစ်ယောက်"
"သြော်....အဖေအရင်းနဲ့အမေအရင်းဆိုတာကဘာကိုဆိုလိုတာလဲ?"
"ကိုယ့်အဖေနဲ့ကိုယ်အမေကကိုယ်ငယ်ငယ်လေးကတည်းကဇာ့ဂ်နဲ့လူသားတွေရဲ့တိုက်ပွဲးအတွင်းမှာသေသွားခဲ့တာလေ....ကိုယ့်ရဲ့လက်ရှိအဖေနဲ့အမေကကိုယ့်ဦးလေးနဲ့သူ့မိန်းမပေါ့"
"တောင်းပန်ပါတယ်ငါမင်းရဲ့အတိတ်ဆိုးကိုတူးဆွလိုက်မိပြီး"
"ရပါတယ်ခလေးငယ်ရဲ့"
"အင်း"
လန်ချန်နေ့လည်စာလည်းမဟုတ်ညနေစာလည်းမဟုတ်သည့်အစားအသောက်တွေကိုလက်စသက်လိုက်သည်။
"ခလေးငယ်ကိုယ်အိပ်ချင်နေပြီ.....ဒီနေ့အရမ်းပင်ပန်းတာပဲ"
ရင်းကလန်ချန်ရဲ့ခါးကိုဖက်တွယ်ကာရှတတအသံလေးဖြင့်ချွဲသည့်လေသံအနည်းငယ်ပေါက်နေသည့်အသံလေးနဲ့ပြောလိုက်သည်။