Unicode
I have fallen in love with my spouse!
Chapter.8🔞
ထက်မြတ် ဇေယျာ မေသစ်နဲ့ကာရန်တို့လေးယောက်သား မိုးဇေအားစူးစူးစိုက်စိုက်ကြည့်နေရင်းမှ မေသစ်က...
''နင်ဘာလို့ဒီကိစ္စကိုတည်တံ့ကိုအသိမပေးလိုက်တာလဲ...ငါတော့ဒီကိစ္စကနင့်အမှားလို့ထင်တာပဲ''
''ဘာ...ဘာလို့ငါ့အမှားဖြစ်ရမှာလဲမေသစ်ရ''
''ငါတို့ခြောက်ယောက်ကဆယ့်ငါးနှစ်အရွယ်ကတည်းကခင်လာတာကြတာလေဟာ ဒါကိုနင်ကသူ့ကိုဘာမှမပြောတော့သူလည်းစိတ်ပေါက်မှာပေါ့''
ကာရန်ကပြောလာခြင်းပင်။
''မိုးဇေ...မင်းငါ့ကိုအမှန်အတိုင်းဖြေ...မင်းမဟုတ်မှ အသည်းကိုစိတ်ဝင်စားနေတာလား''
ဇေယျာ့စကားကြားတော့အားလုံးကမိုးဇေအား တအံ့တသြနဲ့ကြည့်လာကြလေ၏။
''တစ်ကယ်လားမိုးဇေ''
''မဟုတ်ပါဘူးဟာ...ငါကဘာကိစ္စနဲ့အိမ်ထောင်သည်မိန်းကလေးကိုကြိုက်ရမှာလဲ''
''ဒါဆိုဘာလို့သူတို့ကွာရှင်းရင်အသည်းကိုလိုက်မယ်လို့ပြောတာလဲ''
''ငါစနေတာလို့ပြောခဲ့ပြီးသားလေ''
မိုးဇေကထိုင်ရာမှထပြီးသူတို့အားလုံးကိုကျောပေးလိုက်လေ၏။
သူ့ရင်ထဲကစိတ်ရင်းအမှန်ကိုတော့သူကလွဲပြီးဘယ်သူကသိမှာလဲ။
***
အသည်း ကိုကြီးကိုစိတ်ကောက်နေတာကြောင့် သူ့ကိုအမြင်ကပ်ကပ်နဲ့ပဲ ဥက္ကာလေးကိုသူမနဲ့အတူလာအိပ်ဖို့ ညနေကတည်းကသွားခေါ်ထားလိုက်၏။
အသည်းကအလိုလိုက်မှန်းသိတော့ဥက္ကာကလည်းမငြင်းရှာ။
''တီတီ...တားတားကဥနဲ့ချားမှာ''
''ကျွေးမှာပေါ့...သားသားကိုတီတီကကြက်ဥတွေအများကြီးကျွေးမှာ အဲဒါမှအားတွေရှိလာမှာ''
အသံကြားလိုက်တာနဲ့ဟိုသောက်ကလေးရောက်နေပြီဆိုတာသူသိလိုက်သည်။
သူအိမ်ထဲရောက်တော့ထင်တဲ့အတိုင်းပါပဲ။
''ဒီကောင်ကဘာလာလုပ်ပြန်တာလဲ''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်