Chapter.23

14.5K 362 30
                                    

Unicode

I have fallen in love with my spouse!

Chapter.23

''အသည်း...အသည်း''

အသည်း ဧည့်ခန်းထဲမှာထိုင်​​နေရင်းမှ မှေးခနဲအိပ်ပျော်နေတုန်းမှာပဲ မမြသက်ကသူမပုခုံးလေးကိုလာလှုပ်နှိုးတာကြောင့် သူမအိပ်ရာမှလန့်နိုးလာရ၏။

''ဟင်...ဘာလဲမမ''

''နေ့လည်စာစားရအောင်''

''မစားချင်ဘူး''

''မစားလို့မရဘူး...အသည်းထမင်းမစားရင်သူ့ကိုလှမ်းပြောလို့တည်တံ့ကမှာသွားတယ်''

''စားတယ်လို့ပြောလိုက်ပေါ့မမရဲ့ ဘာခက်လို့လဲ...အသည်းနေလို့မကောင်းဘူး...ထမင်းဆိုတဲ့အသံကိုမကြားချင်တာ...ကြားတာနဲ့အန်ချင်တယ်''

''ဟင်...ဘာလို့လဲ''

''မသိဘူးလေ...ဒီအတိုင်းပဲ''

''ဘယ်တုန်းကစဖြစ်တာလဲ''

''မနက်ကမှ...မနက်အစောကြီးတုန်းကလည်းထအန်ပြီးပြီ...အခုလည်းအိပ်ပဲအိပ်ချင်နေတယ်''

''အသည်း...ညည်း ညည်းမဟုတ်မှ...ဗိုက်လား''

''ဟမ်...ဘာဗိုက်လဲ''

''ဗိုက်ကြီးနေတာလားလို့''

''အမ်!!''

အသည်း အလန့်တကြားနဲ့ပဲထိုင်ရာမှထရပ်လိုက်တော့ လူကခေါင်းထဲမိုက်ခနဲဖြစ်သွား၍ မမြသက်ကထိန်းပေးလိုက်ရလေသည်။

''ရရဲ့လားအသည်း...မဖြစ်သေးပါဘူး တည်တံ့ကိုပြောမှရမယ်''

''ခဏ...ခဏလေးမမ...မပြောပါနဲ့ဦး အသည်းကိုယ့်ဘာသာသေချာအောင်စစ်ကြည့်ချင်သေးတယ် သေချာမှကိုကြီးကိုပြောတာပေါ့''

''အဲဒါဆိုမမအခုပဲဆီးစစ်တံသွားဝယ်ပေးမယ်...ခဏပဲစောင့်နေနော်...ထိုင်နေလိုက်''

''ဟုတ်''

မမြသက်ကသူမကိုစိတ်မချသည့်ဟန်နဲ့ လှည့်တကြည့်ကြည့်ဖြင့်နေရာကနေထွက်သွားလေသည်။

အသည်း တစ်ကယ်ပဲကိုယ်ဝန်ရှိနေတာလားဆိုပြီးတွေးမိတော့ သူမရင်ထဲမှာနွေးခနဲဖြစ်သွားရပြီး မျက်နှာလေးကပါပြုံးရိပ်သမ်းသွားရ၏။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now