Unicode
I have fallen in love with my spouse!
Chapter.14🔞
တည်တံ့အိမ်ပြန်ရောက်တော့အသည်းကဧည့်ခန်းထဲမှာTVကြည့်နေ၍ သူအသည်းထံသို့တည့်တည့်မတ်မတ်လျှောက်လာခဲ့လိုက်၏။
''အသည်း...ဘာလုပ်နေတာလဲ''
သူမကမသိမသာမျက်စောင်းလေးထိုးပြီး...
''TVကြည့်နေတာလေ တွေ့ရဲ့သားနဲ့''
''အသည်း...အခုထိစိတ်ဆိုးနေတုန်းလား''
''မဆိုးပါဘူး''
သူအချိန်အတော်ကြာနှုတ်ဆိတ်သွားပြီးမှ...
''ညကကိစ္စကို ကိုယ်သေချာရှင်းပြမယ်''
''......''
''မနေ့က ကိုယ်ဆေးမိလာတာ''
''ဟင်!''
အသည်း,ကိုကြီးအားအလန့်တကြားလှည့်ကြည့်လိုက်သည်။
''ဆေး...ဆေးမိလာတာ ဟုတ်လား...ဘယ်သူကလဲ ဘယ်သူကအခုလိုလုပ်တာလဲဟင်...သူကဆေးခပ်ပြီးကိုကြီးကိုတစ်ခုခုလုပ်မလို့လား''
သူ့အင်္ကျီကိုဆွဲကာဖြင့် အသည်းကအတင်းကမေးလာလေ၏။
''အသည်း...စိတ်ကိုအေးအေးထား ကိုယ်အခုအေးအေးဆေးဆေးနဲ့ပဲအဲဒီအန္တရာယ်ကလွတ်လာပြီလေ...အစကအသည်းအခုလိုအရမ်းစိတ်ပူနေမှာစိုးလို့ကိုယ်မပြောခဲ့တာ အခုပြောပြတယ်ဆိုတာက အသည်းကကိုယ့်ကိုစိတ်ဆိုးနေလို့ အဲဒါကြီးကိုမနေတတ်လို့''
သူ့စကားကြားတော့ အသည်းကသူ့အားမျက်လုံးဝိုင်းလေးတွေနဲ့စိုက်ကြည့်လို့လာလေသည်။
''ကိုကြီးက...ဘာလို့...အို''
ကိုကြီးကသူမကိုဘာမှအပြောမခံဘဲ သူမကိုယ်လေးအားသူ့ရင်ခွင်ထဲဆွဲဖက်၍ နှုတ်ခမ်းလေးကိုအတင်းနမ်းလာတော့သည်။
''အွန်း''
အသည်းသူ့ရင်ဘတ်ကိုတွန်းလွှတ်နေတာတောင်မှ သူကမလွတ်တမ်းနမ်းနေတုန်းပါပဲ။
***
ဒီနေ့ကိုကြီးရဲ့မေမေနဲ့ အသည်းရဲ့မေမေကသူမတို့အိမ်သို့ရောက်လာကြလေ၏။
ပဲခူးဆား မမဆုမြတ်ကလည်းအသည်းရဲ့မေမေနဲ့အတူပါလာသည်။
''အသည်းရယ်...နင့်ကိုကြည့်ရတာလည်းဗျုတ်စဗျင်းတောင်းနဲ့...နင့်ယောကျ်ားတော့မသိဘူး ငါတော့နင့်ကိုတော်တော်စိတ်ကုန်တယ်သိလား''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်