Chapter.20

16.7K 397 14
                                    

Unicode

I have fallen in love with my spouse!

Chapter.20

''ကိုကြီးကလေ အရမ်းချစ်ဖို့ကောင်းတာပဲသိလား...အသည်းအပေါ်မှာလည်းအရမ်းကြင်နာတာ အဟိ''

တည်တံ့အိမ်ပြန်ရောက်တော့ အိမ်ပေါ်ကိုတက်မလို့လုပ်တုန်း မီးဖိုခန်းထဲကနေအသည်းရဲ့အသံကိုကြားလိုက်၍ သူအခန်းပေါက်ကနေလှမ်းကြည့်လိုက်ရာ အသည်းကကိုယ်တိုင်ဟင်းချက်နေပြီး မမြသက်ကိုစကားတွေတတွတ်တွတ်ပြောနေတာပင်။

''အသည်းလေ ကိုကြီးကိုအရမ်းချစ်တာပဲသိလား...ကိုကြီးကလည်းအသည်းကိုချစ်တယ်တဲ့...အသည်းအရမ်းပျော်တာပဲ''

''ရှင်လေးကသူချစ်ချစ်မချစ်ချစ် သူ့ဘေးမှာနေရရင်ကိုပျော်နေတာမလား''

''ဟီးးး...ဒါပေါ့မမရဲ့...ကိုကြီးနဲ့သာအတူနေရမယ်ဆိုရင် သူကပြန်မချစ်လည်းအသည်းအတွက်ကပြည့်စုံနေပြီးသား''

သူမစကားကိုကြားတော့ တည်တံ့ရဲ့ရင်ထဲမှာကြည်နူးမိသလို စိတ်မကောင်းလည်းဖြစ်မိသည်။

မမြသက်ကအသည်းနဲ့စကားပြောနေရင်းမှသူ့ကိုလှမ်းမြင်သွားပြီး နေရာကနေအလိုက်တသိနဲ့ထွက်သွားပေးလေ၏။

အသည်းကတော့ဟင်းချက်တဲ့ဆီအာရုံရောက်နေ၍ ဘာမှမသိလိုက်။

မမြသက်ထွက်သွားတာနဲ့တည်တံ့ကမီးဖိုခန်းထဲဝင်ခဲ့လိုက်ပြီး အသည်းနားအသံတိတ်သွားကာ ခါးလေးကိုနောက်ကနေသိုင်းဖက်လိုက်ပြီး ပုခုံးလေးပေါ်မေးတင်လိုက်လေ၏။

''ကိုကြီး...ပြန်ရောက်ပြီလား''

''အင်း...ဘာလို့မီးဖိုချောင်ကို ကိုယ်တိုင်ဝင်နေတာလဲ''

''ကိုကြီးကြိုက်တာလေးတွေကိုအသည်းကိုယ်တိုင်ချက်ချင်လို့ပါ''

''ကိုယ်ကနို့ပဲကြိုက်တာလေ''

''ကိုကြီးနော်...နှာဘူးကျနိုင်လွန်းလိုက်တာ''

''ကိုယ့်မိန်းမကိုနှာဘူးတာဘာဖြစ်လို့လဲ...တစ်ကယ်ဆိုဒါကနှာဘူးကျတယ်လို့ကိုမဆိုနိုင်တာ''

ကိုကြီးကသူမအား သူနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်ပြီးမှ မေးဖျားလေးကိုဆွဲမော့ကာ နှုတ်ခမ်းလေးကိုဖိကပ်နမ်းလာလေ၏။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now