Chapter.9

18.2K 371 17
                                    

Unicode

I have fallen in love with my spouse!

Chapter.9

တည်တံ့နဲ့မိုးဇေတို့ပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ နှစ်ယောက်သားကခပ်ကင်းကင်းဖြစ်သွား၍ ကျန်တဲ့လေး​ယောက်ကပဲသူတို့ကိုကြားထဲကနေစေ့စပ်ပေးဖို့ကြိုးစားရတော့သည်။

ထို့ကြောင့် တည်တံ့ရုံးပိတ်ရက်မှာ သူတို့တွေမိုးဇေကိုခေါ်ပြီးတည်တံ့ရဲ့အိမ်သို့ရောက်လာကြလေ၏။

''တည်တံ့ ငါတောင်းပန်တယ်နော်...မင်းကိုအရင်မပြောဘဲနဲ့ အသည်းကိုတိုက်ရိုက်ပြောလိုက်လို့''

သူကတောင်းပန်နေမှတော့ တည်တံ့လည်းစိတ်ကိုလျှော့ချပစ်လိုက်၏။

''ရပါတယ်...ငါလည်းလွန်ခဲ့တာပဲ...နောက်တစ်ခါသာထပ်မဖြစ်စေနဲ့''

သူတို့ကရေကူးကန်နားမှာထိုင်နေကြတာမို့ ကာရန်ကရေကူးကန်ကိုကြည့်ကာ...

''ရေကူးကန်ကြီးကအကျယ်ကြီးပဲနော်...pool partyလုပ်လိုက်ရရင်မိုက်မှာ''

''အေးနော်...ဟဲ့တည်တံ့...ငါတို့ခြောက်ယောက်pool partyလုပ်ရအောင်လေ''

ထိုအခါဇေယျာက...

''အသည်းကိုဘယ်သွားထားမှာလဲနင်ကလည်း''

''သူ့ကိုဘာလို့ခေါ်နေမှာလဲ...သူကဒါမျိုးတွေနဲ့မှမဖြစ်တာ''

''ဟုတ်သားပဲ...အသည်းကအူချာချာကောင်မလေးရယ်''

''ဒါပေမယ့်သူကခိုင်းလို့တော့အရမ်းကောင်းတာနော်...အင်းလေ တည်တံ့မျက်နှာနဲ့ကိုး...သူကငါတို့နှပ်သမျှကိုခံရှာတယ်...ခစ်ခစ်''

ကာရန်နဲ့မေသစ်တို့ပြောနေတာတွေကို အသည်းအကုန်ကြားလိုက်ရသည်။

မမြသက်က ကိုကြီးတို့ဆီစားစရာတွေသွားပို့ဖို့ပြင်နေ၍ အသည်းကမမြသက်ကိုယ်စားအခုလိုရောက်လာရတာပါ။

သူတို့ကဘယ်တုန်းကတည်းကအသည်းကိုအခုလိုမျိုးလှောင်ပြောနေခဲ့ကြတာလဲ။

ပြီးတော့ကိုကြီးကသူမဘက်ကနေဘာမှမပြောပေးခဲ့တာကိုအသည်းစိတ်အရမ်းဆိုးမိသည်။

ခင်ပွန်းတစ်ယောက်အနေနဲ့ကိုယ့်ဇနီးကိုတော့ကာကွယ်ရမယ်မလား။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now