Chapter.28

13.2K 366 9
                                    

Unicode

I have fallen in love with my spouse!

Chapter.28

အိမ်ပြန်လမ်းတစ်လျှောက်လုံး အသည်းကသူ့ရင်ခွင်ထဲမှာမျက်နှာအပ်ပြီး တရှုံ့ရှုံ့ငိုရင်းနဲ့ပါလာလေ၏။

''အဟင့်...အသည်းတောင်းပန်ပါတယ်နော်ကိုကြီး...ကိုကြီးကိုအသည်းကအယုံအကြည်မရှိခဲ့သလိုဖြစ်သွားတယ်...အသည်းကိုကတုံးလွန်းတာပါ''

''မဟုတ်တာ...ကိုယ်နားလည်တယ်...အသည်းကိုကိုယ်အပြစ်မမြင်ပါဘူး...မငိုနဲ့တော့နော်''

ကားရှေ့ခန်းမှာရှိနေတဲ့ကာရန်နဲ့မေသစ်ကလည်း နောက်ခန်းကစုံတွဲကြောင့်တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ကာပြုံးလိုက်ကြလေသည်။

''အသည်း,ကိုကြီးကိုအရမ်းချစ်တယ်''

''ကိုယ်လည်းအသည်းကိုပြောမပြတတ်အောင်ချစ်တယ်''

သူအသည်းရဲ့ခေါင်းလေးကိုဖိကပ်နမ်းလိုက်ပြီး သူမကိုယ်လေးအားပိုတိုးကာဖက်ထားလိုက်၏။

တစ်ဖက်တွင်.....

မြူသတိပြန်လာသည်နှင့် မျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ မိုးနှင်းဆီကသူမကိုငုံ့မိုးကြည့်နေတာကိုတွေ့လိုက်ရလေသည်။

''မိုးနှင်း...ငါ့က​လေး''

''မထနဲ့မမ...သိပ်မလှုပ်ရှားနဲ့''

အိပ်ရာကနေဇွတ်ထဖို့ကြံနေတဲ့မြူ့အား မိုးနှင်းကအမြန်တားလိုက်ပြီး အိပ်ရာမှာပြန်အိပ်စေလိုက်လေ​၏။

''မိုးနှင်း...ငါ့ကလေးရော''

''အစ်မရဲ့ကလေးဘာမှမဖြစ်ပါဘူး...အခုထိအစ်မနဲ့အတူရှိနေသေးတယ်''

''တစ်ကယ်လား''

''အင်း''

''တော်ပါသေးရဲ့...တစ်ကယ်တော်ပါသေးရဲ့...ငါ့ကလေးရဲ့မျက်နှာကိုငါမတွေ့ရလောက်တော့ဘူးထင်နေတာ''

''အစ်မ...အခုအားလုံးကိုရှင်းရှင်းလင်းလင်းသိပြီမလားဟင်''

မြူ့ရဲ့မျက်နှာကချက်ချင်းတည်တင်းသွားလေ၏။

''ငါအဲ့ကောင်ကိုဒီအတိုင်းမထားဘူး...ငါ့မှာသူလုပ်ခဲ့တဲ့ကိစ္စတိုင်းအတွက်သက်သေတွေရှိတယ်...ငါသူ့ဘဝကိုမြေကြီးထဲရောက်အောင်လုပ်ပစ်မယ်''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now