Unicode
I have fallen in love with my spouse!
Chapter.26
''အသည်း...အိမ်ထဲမှာပဲမနေပါနဲ့ အပြင်လေးဘာလေးထွက်ပါလား...အိမ်ထဲမှာပဲနေတော့စိတ်ရောလူရောညှိုးနွမ်းနေမှာပေါ့''
''ဟင့်အင်း''
သူမကထိုတစ်ခွန်းသာပြောပြီးဘာမှဆက်မပြော။
''သမီး...မောင်မိုးဇေပြောတာလည်းသဘာဝကျပါတယ် သမီးအခုလိုအိမ်တွင်းပုန်းမနေဘဲနဲ့အပြင်လေးဘာလေးထွက်သင့်တယ်''
''အသည်းကဟိုကောင်လာရှုပ်မှာကြောက်နေတာလား...အစ်ကိုတစ်ယောက်လုံးပါနေတာပဲအသည်းရာ...ဘာမှမကြောက်ပါနဲ့''
''မကြောက်ပါဘူး...ဟုတ်ပြီလေ သွားတာပေါ့ အသည်းလည်းကိုမိုးဇေကိုမေးစရာတွေရှိတယ်...အခုအဝတ်အစားသွားလဲလိုက်ဦးမယ် ခဏစောင့်''
ပြောပြီးအသည်းကနေရာကနေထကာအိမ်ပေါ်သို့တက်သွား၏။
ခဏကြာတော့သူမကအဝတ်အစားလဲကာ အောက်ထပ်ကိုပြန်ဆင်းလာပြီး မိုးဇေနဲ့အတူအိမ်ကနေထွက်လာခဲ့လိုက်လေသည်။
''အသည်းဘယ်သွားချင်လဲ''
''စကားအေးဆေးပြောလို့ရမယ့်ဆိုင်တစ်ဆိုင်ကိုသွားပေးပါလား''
''ok''
မိုးဇေကသူ့ကားကိုကော်ဖီဆိုင်တစ်ဆိုင်ထံသို့ဦးတည်မောင်းလာခဲ့လိုက်သည်။
သူတို့ဆိုင်ကိုရောက်သည်နှင့်မိုးဇေက...
''အသည်းဘာသောက်မလဲ''
''ဟင့်အင်း...အသည်းအခုမေးချင်တာရှိလို့''
''မေးလေ''
''အဲဒီနေ့က ကိုကြီးရှိနေတဲ့နေရာကို ကိုမိုးဇေဘယ်လိုသိလဲ''
''အစ်ကိုအစကတည်းကပြောထားတယ်လေ...သူကမူမမှန်နေဘူးလို့ အဲဒါကြောင့်သူဘာတွေလုပ်နေလဲဆိုတာကိုအစ်ကိုအမြဲမျက်ချည်မပြတ်စောင့်ကြည့်နေတာ''
''ဘာအတွက်လဲ...သူမူမှန်တာမမှန်တာက အစ်ကိုအချိန်ပြည့်စောင့်ကြည့်နေရလောက်တဲ့အထိအရေးပါနေလို့လား''
''ပါတာပေါ့...အစ်ကိုကအသည်းအတွက်လုပ်ပေးတာ''
''ဘယ်လို...အသည်းအတွက်...နေပါဦး တစ်ချိန်လုံးအစ်ကိုတို့အုပ်စုကအသည်းကိုအမြဲလှောင်ပြောင်ပြီးအနိုင်ကျင့်ခဲ့ကြတာမဟုတ်ဘူးလား...ဘာလို့အခုမှအသည်းအတွက်လို့ခေါင်းစဥ်တပ်ရတာလဲ''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်