Unicode
I have fallen in love with my spouse!
Extra-3🔞
ကိုကြီးရဲ့ခိုင်းစေမှုနဲ့အတူ အသည်းခမျာgymမှာပဲအချိန်ကုန်နေတာများသည်။
ကိုကြီးကသားလေးကိုထိန်းဖို့မမြသက်ကိုတာဝန်ပေးပြီး အိမ်မှုကိစ္စအတွက်ကိုတော့အဒေါ်ကြီးတစ်ယောက်ကိုထပ်ငှားထားလေ၏။
ဒါကြောင့်အသည်းလည်းနောက်ဆံတင်းစရာမရှိပေ။
Gym trainerကသတ်မှတ်ပေးထားတဲ့အစားအသောက်တွေကို ကိုကြီးကပဲကိုယ်တိုင်စီမံပေးပြီး gymဆော့ပြီးကိုယ်တွေလက်တွေညောင်းညာကိုက်ခဲလာတိုင်း ဆေးလိမ်းပြီးနှိပ်နယ်ပေးဖို့ကအဆင်သင့်။
ပြီးတော့မနက်အစောတိုင်းသူမနဲ့အတူအပြေးလေ့ကျင့်ခန်းလုပ်ပေးပြီး ညတိုင်းလည်းလမ်းအတူကူလျှောက်ပေးတတ်သေး၏။
အခုဆို မှန်ကြည့်တိုင်းအရင်ကထက်စိတ်ချမ်းသာနေရပါပြီ။
လက်မောင်းလေးတွေကအနည်းငယ်သေးသွားပြီး ပုခုံးလေးတွေကတစ်တန်းတည်းဖြစ်လာကာ ရင်သားတွေကလည်းအရင်ကထက်ပိုပြီးတင်းရင်းကျစ်လျစ်လာလေ၏။
ဗိုက်ပူနေတာကလည်းအရင်ကထက်စာရင်ချပ်လာပြီး ခါးshapeလေးကလည်းတဖြည်းဖြည်းနဲ့ပြန်ပေါ်လာပြီ။
အရင်ကမတော်တော့လို့ချောင်ထိုးထားခဲ့ရတဲ့အဝတ်အစားတွေကိုနောက်တစ်ကြိမ်ထပ်ဝတ်ကြည့်တော့ အနည်းငယ်ကြပ်နေသေးပေမယ့် ဒီ့ထက်သာထပ်ကြိုးစားလိုက်ရင် ပြန်တော်လာတော့မှာပါ။
''ဟီးး...ခိခိ''
sport braနဲ့ဘောင်းဘီကိုဝတ်ထားပြီး မှန်ရှေ့ရပ်ကာတခစ်ခစ်ရယ်နေသောသူမအား တည်တံ့အခန်းပေါက်ကနေပြုံးထေ့ထေ့နဲ့ရပ်ကြည့်နေရင်း သူပါအသည်းနဲ့အတူလိုက်ပြုံးမိနေ၏။
အရင်ထက်စာရင်အတော်လေးကြည့်ကောင်းလာတဲ့ခန္ဓာကိုယ်ကြောင့် သူမကအတော်လေးပျော်နေပုံရသည်။
''အဟမ်း...ဒီကောင်မလေးတော့လူကိုလာမြှူဆွယ်နေပြီကွာ...တစ်ခါလောက်ဆွဲစားမှထင်တယ်''
''ကိုကြီး...ပြန်လာပြီလား''
''အင်း''
ကိုကြီးကသူမနားလျှောက်လာပြီး လက်ကိုဆွဲကာကုတင်ရှိရာဆီသို့ခေါ်လာခဲ့လေ၏။
ပြီးတော့သူကကုတင်မှာဝင်ထိုင်ပြီး အသည်းကိုလည်းသူ့ပေါင်ပေါ်မှာထိုင်စေလိုက်သည်။
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်