Extra.2

8.5K 191 2
                                    

Unicode

I have fallen in love with my spouse!

Extra-2

''မိုးဇေအခြေအနေမကောင်းဘူး...နေ့လားညလားပဲ''

သူ့သူငယ်ချင်းတွေနဲ့ဆုံတုန်းမှာ သူ​ကြားလိုက်ရတဲ့စကားပင်။

သူမိုးဇေနဲ့မတွေ့ဖြစ်တာ သားလေးတစ်သက်ပင်မကတော့ပေ။

''သူကသူ့သမီးလေးနဲ့တွေ့ချင်တာတဲ့...ဒါပေမယ့်တိမ်ငွေ့မြူကအသည်းမာတယ်...သူ့သမီးနဲ့မိုးဇေကိုလုံးဝပေးမတွေ့ဘူး''

''ငါလည်းသွားတွေ့ပါဦးမယ်''

သူပထမဆုံးအကြိမ်အဖြစ် မိုးဇေကိုသွားတွေ့မယ်ပြောခြင်းပါ။
သူ့စိတ်ထဲမှာ​ချစ်ခြင်းမုန်းခြင်းမရှိတော့ပေမယ့် ဘယ်တော့မှထပ်မပတ်သက်တော့ဘူးလို့ဆုံးဖြတ်ထားခဲ့တာ။

အခုတော့ထိုဆုံးဖြတ်ချက်ကိုပြောင်းရတော့မည်။

***

တည်တံ့ အသည်းနဲ့သားလေးကိုခေါ်ပြီး မိုးဇေဆီသို့ရောက်လာ၏။

မိုးဇေကသူတို့ထင်ထားတာထက်ကိုအခြေအနေဆိုးနေပြီး အိပ်ရာထဲမှာလဲနေတဲ့အဆင့်အထိရောက်နေပါပြီ။

''မိုးဇေ''

''တည်...တံ့''

''မင်း...မင်းကွာ''

သူ သူငယ်ချင်းဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီး အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။

''ဖြစ်ရလေမိုးဇေရာ''

''မင်းသူငယ်ချင်းကသူ့အသက်သူမနှမြောဘူး တစ်ကယ့်ငမ်ိုက်သားကောင်''

ဒေါ်မိုးသူဇာကဂရုဏာဒေါသောနဲ့ရေရွတ်သည်။

မိုးဇေက အသည်းလက်ထဲကကလေးလေးကိုကြည့်ပြီး...

''အဲဒါ...မင်းရဲ့သားပေါ့''

''အင်း...မင်းရဲ့သမီးနဲ့ရွယ်တူပဲ''

''တည်တံ့...ငါ ငါမ​ေ.သခင်မှာ ငါ့သမီးလေးနဲ့တွေ့ချင်တာ...မင်းကူညီပါကွာ...ငါတောင်းပန်ပါတယ်''

သူဘာမှပြန်မပြောနိုင်ဘဲ မိုးဇေကိုသာစိတ်မကောင်းခြင်းများစွာနဲ့ကြည့်နေမိခဲ့သည်။

အသည်းလည်းထိုနည်းတူပါပဲ။

ပြတ်သားနိုင်လွန်းတဲ့တိမ်ငွေ့မြူကိုပဲချီးကျူးရမလား ကျိန်ဆဲရမလားဆိုတာတစ်ကယ်ကိုမသိတော့တာပါ။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now