Chapter.7

20.7K 374 8
                                    

Unicode

I have fallen in love with my spouse!

Chapter.7

''မမမြသက်...အသည်းဘာကူပေးရမလဲ''

ပြောပြောဆိုဆိုနဲ့အသည်းကစားပွဲမှာဝင်ထိုင်လိုက်လေ၏။

''ရတယ်အသည်း...အစ်မဘာသာပဲလုပ်ပါမယ်...အန်တီကအသည်းကိုဘာမှမခိုင်းဖို့မှာထားတယ်''

''ကိုကြီးရဲ့အမေကလေ''

''အင်း...အန်တီကအသည်းတို့အဆင်ပြေကြလားလို့အစ်မကိုအမြဲမေးတယ်...အစ်မလည်းအသည်းတို့အခန်းခွဲအိပ်တဲ့အကြောင်းမ​ပြောလိုက်ဘူး''

မမြသက်စကားကြောင့်အသည်းဘာပြန်ပြောလို့ပြောရမှန်းမသိ။

''အသည်းတို့ကြားမှာဘာတွေရှိလဲဆိုတာအစ်မမသိပေမယ့် အသည်းကိုတစ်ခုပြောချင်တာက အသည်းကအိမ်ရှင်မဖြစ်နေပြီ အရာရာကိုမထုံတထေးလုပ်နေလို့မရဘူး ပြတ်သားသင့်တဲ့နေရာပြတ်သားရမယ် မတရားဘူးထင်ရင်ပြောရဲဆိုရဲရမယ်အသည်းရဲ့...အစ်မပြောတာနားလည်လား''

''ဟုတ်ကဲ့မမ''

ထိုစဥ် အိမ်ရှေ့မှဘဲလ်တီးသံကြားလိုက်ရ၍ အသည်းနေရာကနေထပြီး ခြံရှေ့သို့အပြေးလေးရောက်လာခဲ့လိုက်၏။

အသည်းခြံတံခါးကိုဖွင့်ကြည့်လိုက်တော့ အိမ်ကိုရောက်လာသူကကို​မိုးဇေဖြစ်နေ၍ အသည်းမှာအံ့သြယူသွားရသည်။

ကိုကြီးနဲ့သူတို့ဆိုတာကအတွင်းသိအဆင်းသိ တစ်ယောက်အကြောင်းတစ်ယောက်မသိတာမရှိဘူးလေ။
အခုအိမ်မှာကိုကြီးမရှိတာသိလောက်မှာကို သူကဘာလို့အိမ်ကိုရောက်လာရတာလဲ။

''ကိုမိုးဇေ...ကိုကြီးမရှိဘူး''

''အစ်ကိုကအသည်းဆီလာတာပါ''

''ရှင်...အသည်းဆီကို''

''အင်း''

''အရင်ဆုံးအိမ်ထဲဝင်ဦးလေ''

''ok''

မိုးဇေကကားပေါ်ပြန်တက်ပြီးခြံထဲသို့မောင်းဝင်သွား၍ အသည်းလည်းခြံတံခါးကိုပိတ်ပြီးနောက်ကနေတစ်ပါတည်းလိုက်လာခဲ့လိုက်၏။

အိမ်ထဲရောက်တော့ အလိုက်သိတဲ့မမြသက်ကဧည့်သည်အတွက်ကော်ဖီအရန်သင့်ဖျော်ထားပေးပြီး မိုးဇေကိုလာပေးသွားပြီဖြစ်သည်။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now