Unicode
I have fallen in love with my spouse!
Chapter.10🔞
''ကိုတည်''
အသံကြားတာနဲ့ဘယ်သူဆိုတာမော့ကြည့်စရာပင်မလို။
''ဒီမှာ ကိုတည်လက်မှတ်ထိုးရမယ့်စာရွက်စာတမ်းတွေ''
သူဖိုင်ကိုလှမ်းယူရင်း ဘာရယ်မဟုတ်တိမ်ငွေ့မြူကိုမော့ကြည့်မိတော့ သူမရဲ့ရှပ်အင်္ကျီကကြယ်သီးတစ်လုံးကပြုတ်နေပြီး သူမကလည်းခါးကိုင်းထားတာကြောင့်သူမရင်သားကိုအတိုင်းသားမြင်လိုက်ရလေ၏။
''မင်းကလေလံတင်နေတာလား''
''ရှင်''
တည်တံ့ဘာမှဆက်မပြောတော့ဘဲသူမဆီမှအကြည့်လွှဲလိုက်ပြီးစာရွက်စာတမ်းတွေကိုသာလက်မှတ်ထိုးနေလိုက်သည်။
''အဟင်း...ဒုက္ခပါပဲ ကိုတည်တော့မမြင်သင့်တာတွေမြင်ကုန်ပြီ...ရှက်လိုက်တာ''
သူမလေသံကချွဲတဲ့ဘက်ကိုသွားနေ၍ သူတိမ်ငွေ့မြူအားပြန်မော့ကြည့်လိုက်တော့သူမကစားပွဲမှာလက်တွေထောက်ကာခါးကိုကနွဲ့ကလျကိုင်းထားတုန်းဖြစ်ပြီး သူမရဲ့မမြင်သင့်မမြင်အပ်တာကလည်းမြင်နေရတုန်းပါပဲ။
''ရှက်တဲ့မိန်းမကဒီလိုမနေဘူး မင်းသွားလိုက်တော့''
''ကိုတည်ကလည်းဇွတ်နှင်နေတာပဲ...ဒါနဲ့လေ မြူကြားထားတာက ကိုတည့်မိန်းမကမလှဘူးဆို ပုံတုံးကြီးဆို''
''မင်းကိုဘယ်သူပြောလဲ''
''အားလုံးပြောနေကြတာပဲ''
''ငါ့ဇနီးကမပြင်မဆင်နေလို့ သူကမမြင်သင့်မမြင်အပ်တဲ့နေရာတွေကတအားလှတာ...ငါနေ့တိုင်းလုပ်နေတာတောင်မှရွဲလည်းမသွားဘူးမဲလည်းမသွားဘူး...သန့်ရှင်းပြီးဖြူသင့်တဲ့နေရာဖြူတယ် ရဲသင့်တဲ့နေရာရဲတယ်''
''အော်...ဟုတ်လား...အင်း ဟို...သွားလိုက်ပါဦးမယ်''
သူတစ်ဆုံးပြောပစ်လိုက်တော့တိမ်ငွေ့မြူခမျာအိုးတိုးအန်းတန်းနဲ့ပဲသူ့အခန်းထဲကခပ်သုတ်သုတ်ထွက်သွားလေတော့သည်။
ဒီလိုအတင့်ရဲတဲ့မိန်းမတွေလည်းလောကကြီးမှာရှိနေသေးတာပဲ။
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်