Chapter.25

12.6K 354 21
                                    

Unicode

I have fallen in love with my spouse!

Chapter.25

''ကျွန်တော်လက်မှတ်မထိုးပေးနိုင်ဘူး''

သူနှုတ်ကပြောရင်း လက်ကလည်းကွာရှင်းစာချုပ်ကိုဆွဲဖြဲပစ်ခဲ့ပြီး အိမ်ထဲကနေထွက်လာခဲ့လိုက်သည်။

အသည်းကသူနဲ့ကွာရှင်းဖို့ ​ရှေ့နေကနေတစ်ဆင့်လွှတ်လိုက်၏။
သူဒီလောက်ထိမကွာပေးနိုင်ဘူးပြောထားတာတောင်မှ သူမကအခုလိုလုပ်လာတဲ့အတွက် သူအတော်လေးဒေါသထွက်ရသည်။

ထို့ကြောင့်သူမနဲ့မျက်နှာချင်းဆိုင်ရှင်းဖို့အတွက် သူမထံသို့ထွက်လာခြင်းပင်။

သူမတို့ခြံရှေ့ကိုရောက်သည်နှင့် ခြံတံခါးကိုဆုပ်ကိုင်လိုက်ပြီး...

''အသည်း!...အခုထွက်ခဲ့!...ကိုယ်နဲ့မျက်နှာချင်းဆိုင်စကားလာပြောစမ်းပါ...ကိုယ်မင်းကိုလုံးဝမကွာပေးနိုင်ဘူးနော်အသည်း...မင်းကိုယ့်စိတ်ကိုလာမဆွနဲ့''

သူအော်ဟစ်နေတုန်းမှာပဲ ခြံထဲမှာမိုးဇေရဲ့ကားရှိနေတာကိုသတိထားမိသွားပြီး တစ်ချိန်တည်းမှာပဲမိုးဇေနဲ့ဦးဟန်ဇော်မင်းကအိမ်ထဲကနေထွက်လာ၍ သူဒေါသတွေထောင်းခနဲထွက်သွားရလေ၏။

''မင်းဘာလာလုပ်တာလဲဟေ့ကောင်''

''အသည်းဘယ်မှာလဲ...ကျွန်တော်အသည်းနဲ့တွေ့ချင်တယ်''

''ငါ့သမီးကမင်းနဲ့မတွေ့ချင်ဘူးတဲ့...မင်းအခုထွက်သွားစမ်း!!''

''မသွားနိုင်ဘူး...အသည်းနဲ့တွေ့ချင်တယ်...အသည်း...ခဏ​ထွက်ခဲ့ပါအသည်းရာ''

မိုးဇေကသူ့ကိုကြည့်ပြီးခနဲ့တဲ့တဲ့ပြုံးပြီး...

''ငါတို့ဘက်ကမင်းဆီကိုရှေ့နေလွှတ်ပြီးပြီလေ...မင်းအသာတကြည်ပဲလက်မှတ်ထိုးလိုက်''

ဟူ၍ပြောလာ၏။

''ဘာ!...ငါတို့ဘက်...ငါတို့ဘက်ပေါ့လေ...မိုးဇေ...မင်းကငါ့သူငယ်ချင်းနော်...မင်းငါ့ကိုအခုလိုသစ္စာဖောက်ရဲတယ်ပေါ့''

''မင်းလိုကောင်မျိုးကို ငါကဘာလို့သူငယ်ချင်းအဖြစ်သတ်မှတ်နေရဦးမှာလဲ''

''ဘာကွ!...တောက်!...မင်းအခုထွက်ခဲ့စမ်း...ငါ့ရှေ့ကိုလာရပ်စမ်းပါခွေးမသားရ''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now