Unicode
I have fallen in love with my spouse!
Chapter.17
''ရော့...အအေးသောက်''
သူမသူငယ်ချင်းဖြစ်သူမြတ်သွယ်ကသူမရှေ့မှာအအေးခွက်လေးချပေးလာလေ၏။
''ကျေးဇူးပဲ''
''နင်အခုဘာဆက်လုပ်မှာလဲ''
''မသိဘူး...ငါအခုကိုကြီးနဲ့ကွာရှင်းလိုက်ပြီ ကိုကြီးလည်းပျော်မယ်လို့ထင်တယ်''
''မဟုတ်သေးဘူးလေ...နင်သူနဲ့ကွာရှင်းမယ်ဆိုရင်လည်းသူနဲ့ထိပ်တိုက်ရှင်းပေါ့...အခုလိုရှောင်ပြေးမလာသင့်ဘူး''
''ငါကိုကြီးနဲ့မျက်နှာချင်းမဆိုင်ရဲဘူး...ငါသူနဲ့ကိစ္စအားလုံးပြီးပြတ်တဲ့အထိငါနင့်အိမ်မှာနေလို့ရတယ်မလား''
''ရတာကရပါတယ် အိမ်မှာကငါရယ်အမေရယ်ငါ့ညီမလေးရယ်ပဲရှိတာလေ ကိစ္စမရှိပါဘူး''
''အင်း''
သူမမျက်နှာကမသာမယာမို့ မြတ်သွယ်လည်းဘာမှမေးမနေတော့ပေ။
အသည်းကအစကတည်းကတည်တံ့ကိုအရမ်းသဘောကျခဲ့တာသူမအသိဆုံး။
အခုသူပြန်ရလိုက်ရတာက သူချစ်ခဲ့ရတာနဲ့မတန်တော့ အခုလိုခံစားနေရတာအဆန်းတော့မဟုတ်။တည်တံ့ကသာတစ်ကယ်ကြီးကွာရှင်းပေးလိုက်ရင် ဒီမိန်းမခံနိုင်ရည်မရှိမှာသေချာတယ်။
***
''အသည်းဘယ်မှာလဲ...မင်းသိတယ်မလား''
သူဆုမြတ်ဆီကိုယ်တိုင်သွားပြီးမေးခြင်းဖြစ်သည်။
''ဘာရယ်...အသည်းကဘယ်ရောက်နေလို့လဲ''
''မင်းနဲ့အသည်းကဒီလောက်ထိတပူးပူးတကပ်ကပ်ဖြစ်နေတာကို သူဘယ်မှာရှိနေလဲမင်းသိမှာပဲ''
''ငါတစ်ကယ်မသိဘူး...ငါ့ညီမကအိမ်ကထွက်သွားတာလား...နင်ငါ့ညီမကိုဘာလုပ်လိုက်တာလဲခွေးကောင်''
''မင်းတစ်ကယ်မသိတာသေချာလား''
''သေချာတယ် နင်တို့ဘာဖြစ်ကြတာလဲ''
''ထားလိုက်တော့...ဒီအတိုင်းစိတ်ကောက်ကြတာ...ငါအသည်းကိုတွေ့အောင်ပြန်ရှာမှာ အဲဒါကြောင့်သူ့မိဘတွေကိုသွားမပြောနဲ့...အလကားနေရင်းစိတ်ပူနေရမယ်''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်