Chapter.5

20.8K 305 6
                                    

Unicode

I have fallen in love with my spouse!

Chapter.5

''ဒုန်း...ဒုန်း...ဒုန်း''

သူတို့အိပ်ပျော်နေတုန်းမှာပဲ တံခါးကိုတဒုန်းဒုန်းထုသံကြောင့် တည်တံ့ကအရင်ဆုံးအိပ်ရာကနေနိုးလာရလေ၏။

''ဂွက်ထော်မ...ဘယ်သူလဲထ...ဟင်!''

သူ့စကားပြောရင်းနဲ့အောက်ကိုငုံ့ကြည့်လိုက်မိရာ သူမှာစကားပင်ဆုံးအောင်မပြောလိုက်ရ။

​ဘယ်အချိန်ကလဲဝတ်လိုက်မှန်းမသိတဲ့အသည်းရဲ့သဘက်အင်္ကျီခါးချည်ကြိုးကပြေလျော့နေပြီး သူမရင်သားလုံးလုံးလေးတစ်ဖက်ကပေါ်နေ၍ တည်တံ့မျက်လုံးပါပြူးသွားရတာကြောင့်ပါ။

ဖြူဥတင်းရင်းနေတဲ့အသားစိုင်လေးပေါ်မှာ ပန်းရောင်သမ်းနေတဲ့ထိပ်ကလေးနဲ့။

ပုံစံကိုကြည့်တာနဲ့ဘယ်သူ့ပါးစပ်ထဲမှမရောက်သေးတာသိသာသည်။

''ကျစ်!...သူစိမ်းနဲ့အိပ်တာကိုသတိထားမယ်မရှိဘူး''

သူတီးတိုးရေရွတ်ကာ ကုတင်ပေါ်ကနေဆင်း၍ သူမရင်ဘတ်လေးကိုဖုံးပေးပြီး ပုခုံးကိုလှုပ်နှိုးလိုက်လေ၏။

''ဟိတ်...ထစမ်း''

တံခါးခေါက်သံကလည်းအဆက်မပြတ်ကြားနေရတုန်း။

''ဘဲရုပ်ဆိုးမ...ထစမ်းဆို''

''ဟင်...အင်း...ဘာလဲကိုကြီး''

''အပြင်မှာဘယ်သူလဲထကြည့်စမ်း''

''ဟုတ်''

အသည်းအိပ်ရာကနေကုန်းရုန်းထလိုက်ပြီး အိပ်ချင်မူးတူးနဲ့အခန်းတံခါးကိုသွားဖွင့်လိုက်ရာ အခန်းရှေ့မှာရပ်နေကြတဲ့သူတွေကြောင့် အသည်းမျက်လုံးလေးပြူးကျယ်သွားရတော့သည်။

''ဖေ...ဖေဖေ မေမေ''

တည်တံ့လည်း အသည်းမိဘတွေနဲ့အတူ သူ့မိဘတွေကိုပါတွေ့လိုက်ရ၍လူကဘယ်လိုဖြစ်သွားမှန်းကိုမသိ။

''သည်းပန်းခတ်!''

အကုန်လုံးကအခန်းထဲဝင်ချလာပြီး အသည်းရဲ့အမေဒေါ်ပယင်းကအသည်းအားထုရိုက်ပါတော့သည်။

''အတတ်ကောင်းတွေတတ်နေတယ်ပေါ့လေ ဟမ်မိအသည်း!''

''မဟုတ်ဘူးမေမေ အသည်းသေချာရှင်းပြပါရစေ''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now