Chapter.29

11.1K 301 10
                                    

Unicode

I have fallen in love with my spouse!

Chapter.29

အသည်းတို့ဒီအတိုင်းပစ်ထားခဲ့တဲ့အိမ်လေးဆီကို နောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီပင်။

ကိုကြီးပြောသလို ဒီအိမ်လေးကသူမတို့ရဲ့အချစ်တွေနဲ့ပြည့်နေတာမို့ သူမဒီအိမ်လေးမှာပဲနေချင်သည်။

''အမလေး...အိမ်သန့်ရှင်းရေးကိုမနည်းလုပ်ရမယ်ဟေ''

''အသည်းလည်းကူပေးပါမယ်မမရယ်''

အသည်းစကားကိုကြားတော့ကိုကြီးက...

''ဘာ ဘာ...ဘာကိုကူမှာလဲ...ခင်ဗျားလေးဗိုက်ထဲမှာကကလေးနဲ့နော် ဘာမှမလုပ်ရဘူး''

''ကိုကြီးကလည်း...အခုမှလနုနုလေးပဲရှိသေးတာကို''

''လနုသေးလို့ပြောနေရတာပေါ့...လာ ဒီမှာထိုင်နေ...မလှုပ်မယှက်နဲ့နေနော်...အိမ်သန့်ရှင်းရေးကိုကမမြသက်နဲ့ကိုယ့်ရဲ့တာဝန်ပဲထား''

ပြောပြောဆိုဆိုနဲ့ကိုကြီးကသူမအားဆိုဖာမှာထိုင်စေလိုက်လေသည်။

''အသည်းလည်းကူချင်တာဟာကို''

''မရဘူး...အသည်းပင်ပန်းမှာစိုးလို့ကိုယ်ကပြောနေရတာ...လိမ္မာပါတယ် စကားနားထောင်ပြီးငြိမ်ငြိမ်လေးနေနော်''

''အင်းပါ''

ကိုကြီးကသူမနဖူးလေးကိုနမ်းပြီး မမြသက်ကိုအလုပ်တွေကူဖို့ပြင်တော့သည်။

ကိုကြီးနဲ့မမြသက်ကသာ တံမြက်စည်းလှည်း ကြမ်းတိုက် အိုးခွက်ပန်းကန်တွေဆေး အဝတ်တွေလျှော်နဲ့မအားလပ်နိုင်ဖြစ်နေပေမယ့် အသည်းကတော့အရုပ်လေးတစ်ရုပ်လိုနေရာကနေမရွေ့ဘဲထိုင်နေခဲ့ရသည်။

အားလုံးပြီးစီးတော့ ကိုကြီးကသူ့ခန္ဓာကိုယ်ကညစ်ပတ်နေ၍ သူကရေအရင်သွားချိုးပြီး သူအားလုံးပြီးပြီဆိုမှ အောက်ထပ်မှာကျန်ခဲ့တဲ့သူမကိုလာပြီးပွေ့ချီကာ အပေါ်ထပ်ဆီသို့ခေါ်ဆောင်သွားပေးလေ၏။

''အသည်းကိုယ့်ဘာသာလမ်းလျှောက်လို့ရပါတယ်''

''ခြေချော်ကျမှာစိုးလို့''

''ကိုကြီးကအရမ်းအကဲပိုတာပဲ''

''ခင်ဗျားလေးထိခိုက်မှာစိုးရိမ်လို့ပါ''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now