Unicode
I have fallen in love with my spouse!
Chapter.15🔞
ညကနှစ်ယောက်သားအတော်လေးညဥ့်နက်ခဲ့တာမို့ မနက်ရောက်တော့တော်တော်နဲ့မထနိုင်ကြ။
အသည်းအိပ်ရာကနိုးနိုးချင်း ခေါင်းအုံးဘေးကဖုန်းကိုယူကြည့်လိုက်တော့ ဆယ်နာရီပင်ခွဲနေပါပြီ။
''ဟာ!...ဒီလောက်တောင်ရှိသွားပြီလား''
အသည်း သူမခါးလေးကိုဖက်ထားတဲ့ကိုကြီးလက်တွေကိုအသာဆွဲဖြုတ်တော့ ကိုကြီးကသူမကိုပိုတိုးလို့ဖက်လာပြီး...
''ငြိမ်ငြိမ်နေကွာ...အိပ်ရေးပျက်ထားတာကို''
ဟူ၍ သူမလည်ပင်းကြားထဲခေါင်းတိုးဝင်ကာပြောလာလေ၏။
မျက်လုံးကလည်းတစ်စက်မှမဖွင့်။
''ဆယ်နာရီခွဲနေပြီကိုကြီးရဲ့''
''ဘာဖြစ်လဲအဲဒီတော့...ဆက်အိပ်ဦး''
ကိုကြီးအတင်းဖက်ထားတာကို အသည်းလည်းမလှုပ်မယှက်ငြိမ်နေလိုက်သည်။
ကိုကြီးနဲ့အနီးကပ်ရှိနေတာကိုအသည်းကအရမ်းသဘောကျတာကိုး။တိတ်တခိုးချစ်ခဲ့ရတဲ့သူကိုခင်ပွန်းအဖြစ်ပိုင်ဆိုင်ရတာဘယ်လောက်ထိကံကောင်းလိုက်လဲ။
ကိုကြီးကလည်းသူမအပေါ်မှာထင်သလောက်သွေးအေးမနေတော့ အတော်လေးလည်းကျေနပ်သလိုပျော်လည်းပျော်ရသည်။
''ကိုကြီး...ဘာလက်ဆောင်လိုချင်လဲဟင်...ကိုကြီးကအသည်းကိုလက်ဆောင်ပေးထားတော့ အသည်းလည်းပြန်ပေးမယ်လေ''
''မလိုပါဘူး''
''လိုတာပေါ့ကိုကြီးရယ် အသည်းလည်းကိုကြီးကိုအမှတ်တရတစ်ခုခုပြန်ပေးချင်တယ်လေ''
''အဲလောက်ဆန္ဒရှိနေရင်လည်းအဆင်ပြေတာသာပေးတော့''
''အင်း''
''ကိုကြီး''
''ကိုကြီးတွေအရမ်းများနေပြီအသည်းရာ...ကိုယ်ညကအသည်းကိုဘယ်လောက်ထိပြုစုထားရလဲသိတယ်မလား...အရမ်းပင်ပန်းနေလို့ပါ...ကိုယ်အိပ်ပါရစေ ပြီးမှပြောစရာရှိတာပြောတော့''
''ဟုတ်''
အသည်းဆီမှဘာအသံမှထွက်မလာတော့တာနဲ့ တည်တံ့လည်းပြန်ပြီးအိပ်ပျော်သွားတော့သည်။
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်