Unicode
I have fallen in love with my spouse!
Chapter.18
မိုးဇေ သူ့တိုက်ခန်းကိုပြန်ရောက်လာတော့ တိုက်ခန်းရှေ့မှာတည်တံ့ရဲ့ကားကိုတွေ့လိုက်ရတာကြောင့် သူ့မျက်လုံးတွေကသွေးအေးသွားရလေ၏။
သူလည်းကားပေါ်ကဆင်းလိုက်ပြီး တည်တံ့ရဲ့ကားဆီကိုသွားလိုက်တော့ တည်တံ့ကလည်းကားပေါ်ကနေဆင်းလာလေသည်။
''မင်းဘယ်သွားနေတာလဲ...ငါစောင့်နေတာကြာလှပြီ''
''အမေတို့ဆီသွားနေတာ မင်းဘာကိစ္စရှိလို့လဲ''
''ငါမင်းနဲ့အေးဆေးစကားပြောချင်လို့''
''ရတယ်လေ...လိုက်ခဲ့''
ပြောပြီးတာနဲ့မိုးဇေကတိုက်ခန်းပေါ်တက်သွား၍ တည်တံ့ကလည်းသူ့နောက်ကနေလိုက်လာခဲ့လိုက်လေသည်။
သူတို့တိုက်ခန်းထဲရောက်တော့မိုးဇေက...
''ထိုင်လေ...ဘာသောက်မလဲ''
''မလိုပါဘူး...ငါအခုမင်းကိုမေးစရာရှိလို့''
''မေးလေ''
''ငါနဲ့အသည်းရဲ့ကိစ္စကိုမင်းသိမှာပါ...ငါရှင်းရှင်းပဲမေးမယ်...ငါတို့ကြားကပဋိပက္ခက မင်းပယောဂမပါဘူးမလား''
''မင်းတို့ကိစ္စကငါနဲ့အနေသာကြီးပါတည်တံ့ရာ...ငါနဲ့ဘာဆိုင်လို့ငါ့ကိုအဲလိုလာမေးနေတာလဲ''
''အဲ့ကိစ္စကအသည်းကိုပြန်တွေ့ရင်ရှင်းရှင်းလင်းလင်းသိရမှာပဲ...အကယ်၍များ မင်းပယောဂပါနေရင်တော့...မင်းမလွယ်ဘူးနော်''
''အဟင်း...တည်တံ့ရာ မင်းဘာတွေသောကနေတာလဲ...မင်းပဲအသည်းကိုကွာရှင်းချင်နေတာမလား ဒါကမင်းဖြစ်ချင်သလိုပဲလေ...မင်းပျော်နေရမှာ''
''မဟုတ်ဘူး...ငါသေရင်တောင်မှအသည်းကိုကွာရှင်းမပေးနိုင်ဘူး...အသည်းကငါ့ရဲ့ထာဝရဇနီးဖြစ်နေမှာ...အသည်းကငါ့အသည်း...ငါကသူ့ရဲ့တစ်ဦးတည်းမူပိုင်ရှင်ပဲ''
သူပြောပြီးသည်နှင့်နေရာကနေထရပ်လိုက်၏။
''မင်းထပ်ပြီးမှတ်ထားလိုက်ဦး...အသည်းကို ငါ့ဆီကနေဘယ်သူမှဆွဲထုတ်လို့မရဘူး...အသည်းကိုယ်တိုင်တောင်မှပဲ''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romanceအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်