Unicode
I have fallen in love with my spouse!
Chapter.27
အသည်းရဲ့ကိုယ်လေးကလေဟာနယ်ထဲရောက်နေသလိုမျိုးလွတ်လပ်ပေါ့ပါးနေလေ၏။
သူမရဲ့ဘေးပတ်ဝန်းကျင်ကလည်း အဖြူရောင်ဟင်းလင်းပြင်ကြီးဖြစ်နေသေးသည်။
ထိုစဥ် သူမလက်ကလေးနှစ်ဖက်ကိုတစ်ယောက်ယောက်ကဆွဲယူပြီးအပေါ်ကိုမြှောက်ကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်လေသည်။
ထို့နောက် သူမနှုတ်ခမ်းလေးတွေကဖိကပ်နမ်းခံလိုက်ရ၍ လူကမျက်ခုံးလေးတွေတွန်းချိုးသွားရပြီး အသက်ရှူပါရပ်ချင်သွားသလိုလို။
''ဟင့်''
အသည်း ရုန်းရင်းကန်ရင်းနဲ့မျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ ကိုကြီးကသူမလက်လေးတွေကိုဖိချုပ်ပြီး သူမနှုတ်ခမ်းလေးတွေကိုအတင်းနမ်းနေသည်ပင်။
''အွန်း''
လက်ရှိအခြေအနေကိုသိလိုက်သည်နှင့် ကိုကြီးဆီကနေအတင်းရုန်းတော့ ကိုကြီးကသူမကိုလွှတ်ပေးလာလေ၏။
''ကိုကြီး...ဘယ်ကနေဘယ်လိုဖြစ်ပြီးအိမ်ထဲရောက်နေတာလဲ''
တည်တံ့ကနှုတ်ခမ်းကိုတွန့်ချိုးကာပြုံးလိုက်သည်။
မနက်က...
''မမြသက်...မမြသက်''
မြသက် ဈေးသွားနေတုန်း နောက်ပါးဆီမှအသံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ တည်တံ့ကအမောတကောနဲ့သူမနားသို့ရောက်လာလေသည်။
''တည်တံ့''
''မမြသက်...ကျွန်တော်ပြောစရာရှိလို့''
''ဘာပြောမှာလဲ''
''ကျွန်တော်နဲ့မိုးနှင်းဆီရဲ့ကိစ္စက ကျွန်တော်သပ်သပ်မဲ့ချောက်တွန်းခံရတာ ကျွန်တော်မဖောက်ပြန်ဘူး...အဲဒါမိုးဇေဆိုတဲ့ကောင်လုပ်ကြံတာ သူကအသည်းကိုကြိုက်နေလို့ အသည်းကိုကျွန်တော့်ဆီကလုချင်လို့ အဲ့ကောင်တမင်ချောက်ချတာ''
''အဲဒါတော့အစ်မလည်းသတိထားမိတယ်...မိုးဇေကအသည်းအပေါ်မှာသိပ်မရိုးသားဘူး...အိမ်ကိုလည်းအမြဲလာနေတာ''
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
عاطفيةအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်