Chapter.12

18K 351 13
                                    

Unicode

I have fallen in love with my spouse!

Chapter.12

''မမြသက်...အသည်းရော''

သူအောက်ထပ်ကိုဆင်းလာချိန် သူမကိုမတွေ့တာမို့ ထမင်းပွဲပြင်နေသောမမြသက်အားမေးလိုက်၏။

''မသိဘူးလေ အပေါ်ထပ်မှာထင်နေတာ''

သူဘာမှဆက်မမေးတော့ဘဲထမင်းစားခန်းရှေ့ကလှည့်ထွက်လာခဲ့လိုက်ပြီး သူမအားအိမ်ထဲနေရာအနှံ့မှာလိုက်ရှာခဲ့၏။

ဒါပေမယ့်ဘယ်မှာမှမတွေ့။

''ဘယ်ရောက်သွားတာလဲ''

သူအိမ်ထဲရောခြံထဲရောအကုန်လိုက်ရှာပေမယ့်သူမအရိပ်အယောင်လေးတောင်မတွေ့ရပါ။

''ဒီကောင်မလေးကတော့ကွာ''

အချိန်တွေတရွေ့ရွေ့ကုန်လာသည်နှင့်အမျှသူ့ရင်ထဲကအပူမီးတွေကတစ်စထက်တစ်စကြီးထွားလာရ၏။

သူဖုန်းခေါ်တော့လည်းသူမကဖုန်းကိုအိမ်မှာထားပစ်ခဲ့သည်။

''သည်းပန်းခတ် သည်းပန်းခတ်...မင်းတော်တော်စိတ်ဒုက္ခပေးလွန်းတယ်...တောက်!''

အချိန်ကတဖြည်းဖြည်းနဲ့အလင်းရောင်ပျောက်လာပြီး အမှောင်ထုကအစားထိုးဝင်ရောက်လာချိန်မှာတော့ သူလုံးဝဒီအတိုင်းထိုင်မနေနိုင်တော့ပေ။

ထို့ကြောင့် သူနံရံမှာချိတ်ထားတဲ့ကားသော့ကိုယူပြီးအိမ်ထဲကထွက်လာချိန်မှာပဲ လူတစ်ယောက်ဝင်စာတံခါးပေါက်လေးကပွင့်သွားပြီးအသည်းကခြံထဲဝင်လာတာမြင်မှ သူ့ရင်ထဲကအပူလုံးကြီးကပြုတ်ကျသွားခဲ့ရသည်။

သူခြေလှမ်းကြဲကြီးတွေနဲ့သူမထံလျှောက်သွားပြီး လက်မောင်းလေးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ..

''အသည်း...မင်းဘယ်တွေလျှောက်သွားနေတာလဲ''

''အသည်းကစိတ်ပြေလက်ပျောက်ဖြစ်အောင်စက်ဘီးလျှောက်စီးနေတာကိုကြီးရဲ့ မနွယ်နီထဲကနေစက်ဘီးသွားငှားလိုက်တာလေ...ဪဒီမှာ ကိုကြီးကစတော်ဘယ်ရီလည်းကြိုက်တယ်မလား အဲဒါအသည်းဝယ်လာပေးတယ်''

သူမကလက်ထဲကစတော်ဘယ်ရီအိတ်လေးကိုမြှောက်ကာပြောလာလေ၏။

''အခုအဲဒါကအရေးကြီးလား!!...ငါမင်းကိုဘယ်လောက်စိတ်ပူနေခဲ့ရလဲသိလား မင်းဘာလို့ငါ့ကိုဘာမှ​မပြောခဲ့တာလဲ''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now