လပြည့်ဦးသာရဲ့ character ဖြစ်လာပုံ အကြောင်းလေးပြောပြချင်လို့ပါရှင်။ အရင်ဆုံး married life ကိုရေးမယ်ဆိုတော့ uke character ကို
အရင်စဉ်းစားပါတယ်။ uke မိန်းကလေးပုံစံအလှလေးတွေဆို breeze အရမ်းသဘောကျပါတယ်။
အဲ့ဒါကိုမှ ကျွန်မက pregnant type မျိုးသွားချင်တဲ့အတွက် ကိုယ်၀န်ဆောင်နိုင်မဲ့အကြောင်းအရာတွေကို ဆက်စပ်ပြီးစဉ်းစားရပြန်ပါတယ်။ uke ကို ထူးခြားတဲ့ပုံစံမျိုးလို့ ဖန်တီးချင်တာပေါ့နော်။အဲ့ဒီမှာမှ ဒွိလိင်ပုံစံကို စဉ်းစားမိသွားတာနဲ့
google မှာဒွိလိင်နဲ့ပတ်သတ်တာတွေရှာကြည့်ခဲ့တော့ ဒွိလိင်တွေက ယောင်္ကျားလေးပုံစံနဲ့နေတဲ့သူတွေရှိသလို မိန်းကလေးပုံစံနဲ့နေတဲ့သူတွေလည်းရှိကြပါတယ်။ ပြီးတော့ ဒွိလိင်တွေက သူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံပေါ်မူတည်ပြီး ကိုယ်၀န်ဆောင်နိုင်တဲ့အကြောင်းပါ ဖတ်ခဲ့ရပါတယ်။ ( intro မှာ ဒွိလိင်နဲ့ပတ်သက်တာလေးတွေ သေချာရှင်းပြပေးထားတယ်နော်)breeze သိသလောက်ဆိုရင် ficတွေထဲမှာ
ဒွိလိင်တွေကို ယောင်္ကျားလေးလိုပုံဖော်ကြတာက
များတယ်ပေါ့နော်။ အဲ့တာကြောင့် နဂိုအစကတည်းကလည်း uke အချောအလှလေးကို ဖန်တီးချင်မိတဲ့ ကျွန်မက ဒွိလိင်ကိုမှ မိန်းကလေးလိုနေတဲ့ပုံစံကို
ပုံဖော်ကြည့်မယ်လို့ တွေးမိပြီး ဇာတ်လမ်းတစ်ခုရအောင် idea ထုတ်ခဲ့ပါတယ်။Fic ထဲမှာ လပြည့်ဦးသာက မိန်းကလေးလိုပဲနေထိုင်ပါတယ်။ အဲ့လိုဘာကြောင့်နေခဲ့လဲဆိုတာကိုလည်း ficထဲမှာပြန်ရှင်းပြထားသေးပါတယ်။
(အပိုင်း11 မှာပါ)လပြည့်ဦးသာက ဇာတ်လမ်းစကတည်းက သူ့ကိုယ်သူ
လပြည့်လို့ပဲသုံးနှုန်းပါတယ်။ အဲ့ဒါကမှ သူ့ရဲ့ကိုယ်ပိုင်
နာမ်စားလို့ ခံစားမိတာကြောင့်ပါ။ ပြောရရင် လပြည့်က ကျား၊မ သတ်မှတ်ချက်တွေရည်ညွှန်းတဲ့စာလုံးတွေကို တတ်နိုင်သမျှရှောင်ခဲ့တာပါ။Fic တစ်လျှောက်လုံးမှာ လပြည့်ဦးသာနေရာကနေခံစားပြီး သူ့ခံစားချက်၊ သူ့ရဲ့ရွေးချယ်မှု၊ သူ့သိမ်ငယ်မှုကို အတတ်နိုင်ဆုံးပေါ်လွင်အောင်ရေးပေးခဲ့ပါတယ်။ လပြည့်ဦးသာက သူကိုယ်တိုင်မိန်းကလေး၀တ်စားရတာကို ကြိုက်နှစ်သက်လာပြီးတဲ့နောက် မိန်းကလေးလိုနေဖို့ကိုရွေးချယ်ခဲ့တာပါ။ လပြည့်ရဲ့ character က weak ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်း weak ဖြစ်တာမျိုးမဟုတ်ပါဘူး။ သူနဲ့ ရင်းနှီးတဲ့သူတွေ မိသားစုတွေကြားမှာဆို ပေါ့ပေါ့ပါးပါးနေတတ်၊
ချွဲတတ်ပါတယ်။ သူ့ရဲ့ဖြစ်တည်မှုအပေါ်မှာသာ အားငယ်ပြီး weak ဖြစ်တာမျိုးပါ။ သူ့စကားပြောဆိုမှုတွေကလည်း မိန်းကလေးဆန်တဲ့ဘက်ကိုသွားပါတယ်။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ