Ep 22 (uni)

6.8K 458 38
                                    

နွေးထွေးတဲ့ရင်ခွင်တစ်စုံထဲမှာ နိုးထလာရတဲ့မနက်ခင်းတိုင်းဟာ သိပ်ကိုကြည်နူးစရာကောင်းလှသည်။ ခါးတစ်ဝိုက်မှာ ရစ်ပတ်ထားတဲ့လက်တစ်စုံဟာ အရင်လိုတင်းတင်းကြပ်ကြပ်မဟုတ်တော့ပဲ လပြည့်လူးလွင့်လို့
ရရုံမျှ လျော့ထားပေး‌၏။ ခေါင်းအုံးနှစ်လုံးထားထားသော်ငြား သူ့လက်မောင်းပေါ်မှာသာ ညစဉ်မပျက် အိပ်စက်ခဲ့သည်ချည်းသာ။ သူကိုယ်တိုင်ကိုက လပြည့်ကို သူ့လက်မောင်းပေါ်ခေါင်းတင်အိပ်မှ ကြိုက်တယ်ဆိုတော့လည်း သူ့သဘောပဲပေါ့။ နိုးနေပြီမို့ သူ့လက်တို့ကို အသာဖယ်ကာ ထမြည်ပြုလိုက်လျှင်...

"ပြန်အိပ်အုံး ကိုယ်အရင်နေ့ကဘာပြောထားလဲ"

အရင်တစ်‌နေ့က လပြည့်ထနေကြအတိုင်း
မနက်အစောထပြီး ဘုရားပန်းလဲ၊ဘုရား၀တ်တက်ရင်း မီးဖိုချောင်၀င်မိတာကို သူနိုးလာတော့ ကပြာကယာပြေးဆင်းလာပြီး အပေါ်ပြန်ဆွဲခေါ်ကာ တစ်ခါတည်းရာဇသံ‌ပါပေးခဲ့၏။

"နောက်နေ့ကစ ကိုယ်နဲ့ပဲအတူတူထရတော့မယ်...ကိုယ်မနိုးသေးရင် ဘယ်မှထမသွားနဲ့ ကြားလား...ကိုယ်၀န်သည်ဆိုတာ အိပ်ရေး၀ဖို့လိုတယ် မနက်၇နာရီလောက်ထိအိပ်တတ်အောင်လုပ်" တဲ့။ ကိုယ်က ရွာမှာလည်း
ထနေကြ။ ဒီရောက်တော့လည်း အကျင့်မပျက်ခဲ့တော့ မျက်လုံးကသူ့အချိန်ဆိုအလိုလိုနိုးနိုးနေတတ်တာ။

"လပြည့်မအိပ်ချင်တော့ဘူးလေ"

"မအိပ်ချင်လည်း ဒီတိုင်းမှေးနေလေ...ကြာရင်အကျင့်ဖြစ်သွားမှာ အနည်းဆုံးမနက်၇နာရီထိတော့ အိပ်တတ်အောင်အကျင့်လုပ်ထား...လာ ဒီတိုင်းလာလှဲနေ ငြိမ်ငြိမ်လေး"

ပြောတော့လည်း သူ့ရင်ခွင်ဆီ ပြန်ခိုလှုံမိပြန်ရော။
သူကတော့ လပြည့်ကိုဖက်၍ မျက်လုံးတို့ပြန်မှိတ်သွား၏။ မှိတ်နေတာကြောင့် မြင်နေရတဲ့ တိုစိတ်စိတ် မျက်တောင်လေးတွေကအသည်းယားစရာ။
လပြည့်သွားထိလိုက်တော့ အနယ်းငယ်တွန့်သွားတာမို့ လက်ပြန်ရုတ်လိုက်ရသည်။ နှုတ်ခမ်းမွှေးရေးရေးလေးရှိတဲ့ ယောင်္ကျားဆန်တဲ့မျက်နှာမှာလည်း အိပ်နေတာတောင် တည်ကြည်နေ၏။ လပြည့်သဘောကျရတဲ့
ကကြီးပုံနှုတ်ခမ်းလေးကို ငေးမောလျက် သူ့မျက်နှာအစိတ်အပိုင်းတွေကို တို့ထိနေမိသည်။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now