Ep 17 (uni)

5.9K 453 33
                                    

ခန္ဓာကိုယ်ကို လာဟပ်နေတဲ့ အပူလှိုင်းတစ်ခုကြောင့်
သင်္ခနိုးလာပြီးမှ အလန့်တကြားဖြင့် အသေးလေးနဖူးဆီ လက်တင်ကြည့်လိုက်တဲ့အခါ ပူကျစ်တောက်နေတာမို့ သင်္ခပြာသွားရသည်။

ကျစ်! ဘယ်အချိန်ကဖျားနေတာလဲကွာ...။

ဘေးကဖုန်းကို ယူကြည့်လိုက်တော့ အချိန်က ၇နာရီ။

ခုမှ အမှတ်ရသည်။ မနေ့က နေ့ခင်းစာရော ညစာရော ထမင်းမစားဘူးပဲ...။ ဒါကို သူလုံး၀မေ့သွားခဲ့တာ။ စိတ်ပင်ပန်းသမျှ လွှတ်ချလိုက်‌တာရောပါမည်။
သူလည်း ညက အတိုးနှင့် တော်တော်ဆိုးမိသွားတာမို့ သူ့အပြစ်လည်းမလွတ်ပေ။ 

ရေးချိုးခန်းထဲ အပြေးအလွှား၀င်သွားကာ ပုဝါတစ်ထည်ဖြင့် ရေပတ်၀တ်တိုက်ပေးဖို့ အရင်လုပ်လိုက်သည်။ အပူရှိန်က တော်တော်ပြင်းတာမို့ ဆရာ၀န်မခေါ်လို့ မရလောက်။

"အသေးလေး...အသေးလေး..."

"အင်..."

"မင်းဖျားနေပြီ...ကိုယ် ရေပတ်၀တ်တိုက်ပေးမယ်နော်
ခဏထအုံး  ပြီးရင် ဆရာ၀န်ခေါ်ပေးမယ်"

"ဟင့်အင်း..."

"ဘာဟင့်အင်းလဲ... ဆရာ၀န်မခေါ်ချင်လို့လား"

"အင်း..."

"မခေါ်လို့မရဘူးလေ... တအားဖျားနေတာ ဆေးထိုးမှသက်သာမှာ ၊ ကိုယ်ရေပတ်တိုက်ပြီးရင် ကြီးကြွယ်ကိုဆန်ပြုတ်‌လုပ်ခိုင်းချေမယ်နော် မနေ့ကလည်းဘာအစားမှမစားဘူးဆို... ဗိုက်ဆာနေပြီမလား"

"ဆန်ပြုတ်မသောက်ချင်ဘူး"

"မငိုနဲ့လေ... ဘာစားချင်တာလဲပြော ကိုယ်သွားဝယ် ပေးမယ်"

ဖျားနေတဲ့အရှိန်ကြောင့်ထင် မျက်ခမ်းစပ်မှာ မျက်ရည်ပူလေးတွေ တစ်လှိမ့်ချင်းဆင်းလာတာမို့ သင်္ခချော့မေးလိုက်ရသည်။ ဖျားရင် အားငယ်တတ်ကြတာ ထုံးစံပဲမလား။

"ကြေးအိုး...."

အက်ရှရှအသံလေးဖြင့် ထွက်လာတဲ့အသံပိစိလေး။

"ကြေးအိုးစားချင်တာလား"

သင်္ခမေးလိုက်တော့ ခေါင်းငြိမ့်ပြ၏။ ခန္ဓာကိုယ်တွေ ကိုယ်ပတ်တိုက်ပြီးတာနဲ့ နဖူးပေါ် ကအပူတွေစုပ်ယူဖို့ ရေပတ်၀တ်တစ်ခုတင်လိုက်ကာ

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now