Ep 8 (uni)

803 130 24
                                    

အနည်းငယ်ရောက်ရှိနေတဲ့ ဧည့်သည်များအား
ဧည့်ခံရင်း လိုအပ်တာလေးတွေ
လိုက်လံကြည့်ရှုနေရသည်။
ကိုယ့်ခြံထဲတင်လုပ်တဲ့ပွဲမို့ အကျွေးအမွေးကအစ
၀န်ထမ်းတွေအဆုံး အပြတ်ငှားထားသော်လည်း
လစ်ဟာမှုမရှိစေရန် စစ်ဆေးရသေးသည်။
အဖေနဲ့အမေကတော့ သူတို့ဧည့်သည်တွေနှင့် သူတို့ကြိုဆိုနေ၏။ သို့သော် ခုထိထွက်မလာသေးတာက
သူ့ဇနီးအသေးလေး...။

ဟေမာန်က မိတ်ကပ်ဆရာခေါ်ထားတာဖြစ်ပြီး
နှစ်ယောက်သမား ပြင်နေကြတာ ခုထိပေါ်မလာသေး။
အမြဲသနပ်ခါးနှင့် မြန်မာ၀မ်းဆက်အား နှစ်ခြိုက်စွာ
၀တ်တတ်သူ‌လေးက ပွဲတက်dress၀တ်စုံနှင့်
မိတ်ကပ်လိမ်းချယ်လိုက်သည့်အခါ
ဘယ်လိုဖြစ်သွားမလဲ သိချင်လှသည်။ သင်္ခအဖြစ်က ကိုယ့်မိန်းမနဲ့ကိုယ် ရင်ပြန်ခုန်နေရသည့်အဖြစ်!

အစားအသောက်တွေစစ်ဆေးနေရင်း ဟိုကောင်တွေအဖွဲ့လိုက်အတူတူရောက်လာကြတာ လှမ်းမြင်လိုက်၏။ ကြည့်ရတာချိန်းလာကြတာနေမှာ။ မဟုတ်ရင် တစ်ယောက်တစ်ကွဲနှင့် လူဘယ်တော့မှမညီ။

"မင်းလက်ကိုဖယ်စမ်း"

"ဘာဖြစ်လဲကွာ ခါတိုင်းလဲတင်နေကြကို"

"လာမထိနဲ့! မင်းနဲ့ငါမခေါ်ဘူး"

"ကြည်သာကလည်းကွာ..."

တတွတ်တွတ်လုပ်နေကြတဲ့ နှစ်ယောက်အားကြည့်ကာ ဓန စိတ်မရှည်ချင်တော့။ စောင့်ရရင်ကြာမှာစိုးလို့ အိမ်တိုင်ရာရောက်သွားခေါ်လာခဲ့ပါမှ တစ်လမ်းလုံးလည်းတွတ်ထိုးလာကြတာ သာလိကာတွေလိုပဲ
နားတွေကိုငြီးလို့!

"မင်းတို့နှစ်ကောင်တိတ်တိတ်နေကြစမ်းကွာ...
လူကြားသူကြားထဲရောက်နေပြီ အသံတိတ်ကြတော့!"

သည်းမခံနိုင်ကာ ထပြောလိုက်မှ နှစ်ယောက်စလုံး
တိတ်သွားကြသည်။ မိန်းကလေးနှစ်ယောက်က
နားမငြီးရဘူး သူတို့ကစမာန်ခုတ်နေတာ
တကယ့်နာမည်ပြောင်တွေလိုပဲ...။

ထိုအချိန် သင်္ခက သူတို့ဝိုင်းဆီရောက်လာကာ

"ဟေ့ကောင်တွေ မင်းတို့ အရင်စားနှင့်ကြအုံးနော်
ငါအိမ်ထဲသွားလိုက်အုံးမယ်"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now