Ep 24 (uni)

6.1K 498 59
                                    

"ဝေါ့! ဝေါ့! ဝေါ့!"

"ကလေးရာ..."

"ဝေါ့.! ဟင်း...."

သင်္ခ အသေးလေးကိုကြည့်၍ ရင်ထဲမှာမချိတင်ကဲ ခံစားနေရသည်။ ကိုယ်၀န်ပတ် ၁၄ပတ်ကျော်ထိသည် ပျို့အန်နေရတုန်း။ အန်လို့မောသွားသူက ဘေစင်လက်ထောက်လျက် အမောဖြေနေ၏။ လူလေးက
တကယ်မျော့နေပြီ။ ကြာရင်ဆေးရုံတင်လိုက်ရမှာတောင် စိုးရသည်။ ဒီလောက်ဝေဒနာခံစားရတာကို တစ်ချက်မညည်းရှာ။ ထို့ကြောင့်ပင် ပို၍စိတ်မကောင်းဖြစ်နေရတာ။

"အမြန်သက်သာပါတော့ကွာ...ကိုယ် ကလေးလေး
ပင်ပန်းနေတာ တကယ်မကြည့်ရက်တော့ဘူး"

"ဆရာမက ၄လကျော်လောက်ဆို သက်သာသွားမှာလို့ပြောပါတယ်"

"သူများတွေဆို တစ်လလောက်ပဲခံစားရတာတဲ့ကွာ...ကိုယ့်ကလေးလေးကျမှာ ဒီလောက်အကြာကြီး"

"သက်သာသွားမှာပါ ကိုကိုရယ်... လပြည့်အိပ်ယာထဲပြန်လှဲချင်တယ်"

"လာလာ ကိုယ့်ကိုတွဲ...ဘယ်လိုနေသေးလဲ"

"ခေါင်းမူးနေတယ်...ရိပ်တိပ်ရိပ်တိပ် ဖြစ်နေတာ"

"ဟင်း... အားမှမရှိတာကိုကွာ ဒီကြားထဲလှိမ့်အန်နေတယ် ကိုယ်ဘယ်လိုလုပ်ပေးရမလဲတောင်မသိတော့ဘူး"

သင်္ခစိတ်ရှုပ်စွာဖြင့် ခေါင်းကိုလက်တွေနှင့်ထိုးဖွမိလိုက်သည်။ ဘေးကနေဘာမှလုပ်ပေးလို့မရတာ ပိုဆိုးတယ်။ ခေါင်းအုံးကို မှီလျက်မှိန်းနေသူက နှုတ်ခမ်းတွေကစ ‌
ဖြူဖျော့ကာ ခြောက်သွေ့နေ၏။ ခုဆို ဗိုက်လေးကသိသိသာသာထွက်လာတော့ သူ့မှာအန်တာနဲ့ ဒီဗိုက်နဲ့ မနက်မနက်ဆို တော်တော်ဒုက္ခများနေရတာ။ မှိန်းနေသူအား သက်သာစေရန် လိမ္မောသီးအခွံလေးကို နှာခေါင်းနားမှာ တေ့ပေးလိုက်ရင်း အားမရှိသလိုပျော့အိနေတဲ့လက်ကလေးကို အသာလေးနှိပ်နယ်ပေးနေလိုက်သည်။ ညတွေ မအန်ပဲအိပ်ရလို့ တော်သေးတာပေါ့။ မဟုတ်ရင်ဘုန်းဘုန်းလဲမှာ။

မနက်ခင်းဆိုဘာမှမစားနိုင်သူကို နေ့လည်ခင်းတွေမှာ အာဟာရဖြစ်စေမဲ့ အသီးဖော်ရည်လေးတွေမရိုးအောင်လုပ်တိုက်ရသည်။ ထမင်းကိုလည်း တစ်နေ့တစ်နပ်တော့ ၀င်အောင်သေချာကျွေးရသေးသည်။ သူခံတွင်းတွေ့တဲ့ သံပုရာသီးတို့ ရောက်သီးတို့ကို သူစားချင်တဲ့ပုံစံအတိုင်းသုပ်ပြီး ထမင်းနဲ့ချော့ကျွေးရတာ။ ကြက်သားကြော်တို့ အရွက်ကြောက်တို့ကိုလည်း ရံဖန်ရံခါ ‌ကြားညှပ်၍ကျွေးရ၏။ အဲ့ဒီအစားလေးတွေကြောင့်သာ ဒီလောက်ခံသာနေတာ။ ဗိုက်ထဲကကလေးလည်း အာဟာရမလုံလောက်မှာပူရသလို လူကြီးကိုလည်းလဲသွားမှာ ပူနေရသည့်အဖြစ်။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now