Ep 12 (uni)

7.2K 483 57
                                    

"အသေးလေး ဒီခဏလာထိုင်အုံး"

"ဟုတ်"

သင်္ခခေါ်လိုက်တာနဲ့ မိုးပူတိုက်နေရာမှ ချက်ချင်းဆိုသလို ထလာ၏။ တစ်ခုခုပြောရင် စကားနားထောင်တတ်တာလေးကလည်း အသေးလေးရဲ့ ချစ်စရာအကျင့်လေးထဲက တစ်ခုပင်။

"အစ်ကိုဘာပြောမလို့လဲ"

"ရော့..."

"ဟင်...ဒါက"

"မင်းနဲ့လိုက်မယ်ထင်တာလေးလုပ်လာတာ
အကြီးကြီးဆိုလည်း၀တ်မယ်မထင်လို့ နေ့တိုင်း၀တ်လို့ရအောင် ကိုယ်ဖန်စီဆန်ဆန်လေးလုပ်ခဲ့ပေးတာ"

လပြည့်ကိုပေးလာတဲ့ဗူးထဲမှာ အသည်းပုံနှစ်ထပ်လေးတွေနဲ့ပုံဖော်ထားတဲ့ နားကပ်လေးရယ်၊ ဆွဲကြိုးလေးရယ်၊ ဟန်းချိန်းလေးရယ်က ဆင်တူအဆက်လိုက်။
မေနှိုင်းတို့ပေးထားသလို အကြီးကြီးမဟုတ်ပဲ နေ့တိုင်းပေါ့ပေါ့ပါးပါး၀တ်ဆင်လို့ရတဲ့ပုံလေးတွေ။ သေးသေးလေးတွေလို့ထင်ရပေမဲ့ ကိုင်ကြည့်လိုက်တာနဲ့ အလေးချိန်ပါတာကြောင့် ရွှေကိုကျစ်နေအောင်ထွင်းထားမှန်းသိသာသည်။

"ကြိုက်လား... မင်္ဂလာဦးလက်ဆောင်လည်း ကိုယ်
မစီစဉ်ပေးခဲ့ရဘူးလေ၊ အဲ့ဒါကြောင့် နောက်တစ်ပတ် ကျောင်းတက်ရတက်ရတော့မှာဆိုတော့ ၀တ်ရအောင်လို့ "

လပြည့်ရင်ထဲ ကြည်နူးစိတ်တို့ လှိုက်တက်လာ၏။
ရွှေပေးလို့ဆိုတာထက် လပြည့်ကို တခုတ်တရအလေးထားပေးလို့...။ ကိုယ်ဘာမှမတောင်းဆိုပါပဲ လိုလေသေးမရှိဖြည့်‌ဆည်းပေးတတ်တဲ့ သူ တစ်နည်းအားဖြင့် လပြည့်အမျိုးသားအား ကြာလေကြာလေ ပိုလို့အချစ်တိုးတိုးလာရသည်။

"ဟုတ် ကြိုက်တယ်"

"လာခဲ့ ၀တ်ပေးမယ်"

ပစ္စည်းအားလုံးကို သေသေချာချာ၀တ်ဆင်ပေးပြီးနောက် လပြည့်အားစူးစိုက်ကြည့်လာကာ

"မင်းနဲ့လိုက်တယ် မင်းကဒီလိုသေးသေးလေးတွေနဲ့မှအံကျ"

လပြည့် စိတ်လှုပ်ရှားစွာဖြင့် မှန်တင်ခုံဆီအပြေးသွားကြည့်ပြီး‌နောက် သဘောတကျပြုံးမိသွား၏။ ဒီလိုသေးသေးလေးတွေကိုတော့ လပြည့်အမှန်တကယ်ကြိုက်ပါသည်။ ဟိုအကြီးကြီးတွေထက်စာရင် ၀န်မလေးစေပဲ လှလှလေး၀တ်ရတာမို့ ပိုလို့တောင်သဘောကျမိသေး။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now