Ep 4 (uni)

1.3K 183 32
                                    

"ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်ခဏသွားတွေ့လိုက်အုံးမယ်"

"ဟုတ်"

"သဘက်ခါကျရင် dinner ပွဲလေးလုပ်မလို့ ၊
ကိုယ့်သူငယ်ချင်းအရင်းတွေလောက်နဲ့ ကိုယ့်အမေတို့နဲ့သိတဲ့ လူရင်း‌တွေလောက်ပါပဲ...အများကြီးမဟုတ်ဘူး၊ အဓိကက မင်းကိုမိတ်ဆက်ပေးချင်လို့ရယ် ကိုယ်အိမ်ထောင်ကျသွားပြီဆိုတာ အသိပေးချင်ရုံပဲ..."

"ဟုတ်"

"အဲ့ဒါဆို ကိုယ်သွားပြီ၊ ပျင်းရင် အောက်မှာမေမေတို့နဲ့ TV သွားကြည့်နေချေ...ဟေမာန်လဲရှိတယ်"

"ဟုတ်"

စကားကလဲ နည်းလိုက်ပါဘိ၊ 'ဟုတ်' တစ်လုံးကလွဲပြောတတ်ပုံမရ။ လိမ္မာတယ်ဆိုပေမဲ့လည်း ဒီပုံစံနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ! အခုသူတို့ပုံစံက လင်မယားနဲ့မတူပဲ သားအဖလိုဖြစ်နေပြီ....။ သူစိမ်းသပ်သပ်ကနေ အိမ်ထောင်ကျရင် ဒီတိုင်းပဲလား?အိမ်သူသက်ထားအား မှာစရာရှိတာမှာပြီး အောက်ဆင်းလာတော့...

"ဘယ်သွားမလို့လဲ သင်္ခနှိုင်းမာန်"

"အပြင်ဟိုကောင်တွေနဲ့သွားတွေ့မလို့ အမေ"

"မိုးချုပ်အောင်နေမနေနဲ့ ကိုယ်ကလူပျိုလူလွတ်မဟုတ်တော့ဘူး"

"သိပါတယ်ဗျာ မိုးမချုပ်ခင်ပြန်လာမှာ"

အဲ့ဒါပဲ အရင်ကတည်းက နှိပ်ကွပ်ချင်နေတဲ့ မာတာမိခင်က ခုတော့လူပျိုမဟုတ်တာနဲ့ ကိုင်ပေါက်နေပြီ။ သူ့အကွက်ထဲ၀င်သွားတာပေါ့... ။

~~~

ဆုံနေကြဆိုင်ကို ရောက်တော့ ဓနတစ်ယောက်ကလွဲ ဘယ်သူမှမရောက်ကြသေး။

"ဟာ လူအိုလေး! လာ...လာ ရည်းစားမဖြစ်ပဲ တန်းအိုလိုက်ရတဲ့ခံစားချက်လေးပြောပါအုံး"

ထင်တဲ့အတိုင်းပဲ...လူကိုတွေ့တာနဲ့တန်းနှိမ်တော့တာ။ သူတို့အဖွဲ့ထဲမှာ သူကအရင်ဆုံးစွံတာဆိုတော့ ဒီကောင်တွေမနာလိုနေတာနေမှာပေါ့ ဟက်! ခုဆို ဒီကောင်‌တွေကြားထဲမှာ သူကဝါအရင့်ဆုံးဖြစ်သွားပြီ...။

"ီးပဲရမယ်  "

"‌ဒီ ဒူးမနာသားလေးကတော့ လုပ်လိုက်ရ!"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now