Ep 7 (uni)

1.2K 131 17
                                    

"ဒါလေးရော၀တ်ကြည့်အုံး"

"နောက်ရက်မှဆက်၀တ်ကြည့်တော့မယ်လေ လပြည့်ပင်ပန်းလို့နားချင်နေပြီ"

ဟုတ်တယ်လေ...တစ်နေကုန်လျှောက်သွားထားလို့ညောင်းနေပါတယ်ဆို ပြန်ရောက်တော့ ရေချိုးပြီးလို့  နားမယ်ရှိသေး ၀ယ်ခဲ့တဲ့အင်္ကျီတွေ၀တ်ကြည့်ခိုင်းတာ တစ်ထည်ပြီးတစ်ထည်။
ည ၇နာရီရှိနေပြီမို့ လူကနားချင်နေပြီ။

"ဟုတ်လား ပင်ပန်းရင်မ၀တ်တော့ပါနဲ့
မင်းနဲ့ကအကုန်လိုက်မှာပဲဟာ"

"ဟုတ် လပြည့်ဒါတွေသိမ်းလိုက်တော့မယ်"

"သိမ်းမနေနဲ့ထားလိုက် မနက်ဖြန်မှအေးဆေးလုပ်တော့ ပန်းပြီးဖျားနေလိမ့်မယ် မနက်ဖြန်ကျdinnerပွဲကလည်းရှိသေးတာ ဖျားလို့မဖြစ်ဘူး"

"ဟုတ်"

ဒေါက်...ဒေါက်...

"ကိုကြီး အမေနဲ့ ဖေကြီးက သူတို့အခန်းထဲလာခဲ့အုံးတဲ့ ယောင်းမလေးရောခေါ်ခဲ့တဲ့"

"အင်း သွားလိုက်မယ်"

ဟေမာန့်အားပြန်ဖြေပြီးတာနှင့် အသေးလေးဘက်လှည့်ကာ

"နားချင်နေပြီလား အမေတို့ကဘာပြောစရာရှိလို့လဲ
မသိဘူး ခဏသွားရအောင် "

"ဟင့်အင်း ရပါတယ် ဒီတိုင်းညောင်းနေရုံတင်လေး လူကြီးတွေစောင့်နေရလိမ့်မယ် "

ခပ်ဖျော့ဖျော့လေးပြန်ဖြေသူရဲ့ လက်လေးဆွဲကာ
သူ့အမေတို့အခန်းဆီ ထွက်လာခဲ့လိုက်သည်။
ကားမစီးနိုင်တဲ့အသေးလေးက ဒီနေ့ကားစီးလိုက်ရတာမို့ လူကအနည်းငယ်နုံးချင်နေတာ။ ဟိုကလာခဲ့တုန်းက‌လိုတော့ဆိုးဆိုးဝါးဝါးမဟုတ်တော့။ သူပြောတာတော့ မစီးတာကြာပြီး ပထမဆုံးစစီးရင် အဲ့လိုမူးတတ်တာဆိုပဲ။ ဒီနေ့ လျှောက်ကြည့်ရင်း လမ်းလျှောက်ရတာလည်းများလို့ထင် မျက်နှာလေးကနွမ်းဖတ်ဖတ်။ လူကလည်း နုလိုက်ပါဘိ၊ အစားများများကျွေးအုံးမှပါ။

အမေတို့အခန်းရှေ့ရောက်လျှင်ပဲ တံခါးခေါက်လိုက်ကာ

"ဒေါက်...ဒေါက်... အမေ ကျွန်တော်တို့ရောက်ပြီ"

"အေးအေး ၀င်လာခဲ့ကြ"

"ကျွန်တော်တို့ကိုခေါ်တယ်ဆိုလို့ အမေ"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now