Ep 1 (Uni)

14.1K 527 28
                                    

"မင်းတို့ရွာဘုရားပွဲကစည်သားပဲ"

"စည်တာပေါ့ကွ ဒါတို့ရွာမှာတစ်နှစ်မှတစ်ခါပဲဖြစ်တဲ့ပွဲလေ ဇာတ်ကြီးတွေငှားထားတာနော်"

"အင်း...ဇာတ်ပွဲကြည့်ဖူးချင်နေတာကွက်တိပေါ့"

"လာ ပွဲဈေးထဲလျှောက်လည်ရအောင်..."

၀ဏ္ဏအောင်ခေါ်ရာနောက် သင်္ခလည်း လှည့်ပတ်ကြည့်ကာလေ့လာနေလိုက်တယ်။ ဒီလိုရွာဘုရားပွဲမျိုး တစ်ခါမှမကြုံဖူးတာကြောင့် သူ့အတွက်တော့အထူးအဆန်းဖြစ်နေတာအမှန်။ သင်္ခတို့ မဟာနောက်ဆုံးနှစ်ဖြေပြီးတော့ ၀ဏ္ဏအောင်က ရွာဘုရားပွဲရှိတယ် လိုက်ခဲ့မလားမေးကတည်းက သူစိတ်၀င်စားနေတာ။ ဒီလိုရွာဓလေ့တွေမှာ မြန်မာတွေရဲ့အငွေ့အသက်တွေခံစားရနိုင်တာမို့ မဆိုင်းမတွကို လိုက်လာခဲ့လိုက်တာပင်။

ပွဲဈေးတန်းမှာ မြန်မာမုန့်မျိုးစုံနှင့် ဈေးဆိုင်တန်းတွေ၊လက်လုပ်ပစ္စည်းတွေတော်တော်များများကိုတွေ့ရသည်။ ဈေးဆိုင်တန်းတွေကြည့်နေရင်းက သင်္ခရဲ့မျက်လုံးထဲသို့ ပုံရိပ်တစ်ခုကဆွဲဆောင်သွားလေသည်။  ခါးထိရှည်တဲ့ဆံပင်တွေကို ဖြန့်ချထားကာ မိုးပြာနုရောင်၀မ်းဆက်လေး၀တ်လျက် ပါးနှစ်ဖက်မှာသနပ်ခါးလေးတင်ထားတဲ့ မျက်စိအေးဖွယ်ပုံရိပ်လေးက သူ့အာရုံကို အလုံးစုံသိမ်းယူသွား၏။ အသားအရေမှာ အဝေးကကြည့်တာတောင်၀င်းဝါညက်ညောနေသည်။
ဒီလိုရွာမှာ ဒီလိုအလှတရားမျိုးရှိတယ်တဲ့လား ...!ဘယ်လိုပြောရမလဲ မျက်စိအေးတဲ့အလှမျိုး...။

မြို့မှာရောင်စုံချယ်မိတ်ကပ်တွေနှင့်သာ နေသားကျခဲ့တဲ့သူ့အတွက်က ခုမြင်နေရတဲ့အလှတရားလေးအား မျက်စိမခွာနိုင်အောင်ပင်ဖြစ်သွားရသည်။ ကုန်ကုန်ပြောရရင် သူတွဲခဲ့တဲ့အလှဆုံးဆိုတဲ့ ကောင်မလေးတွေထက်ကိုလှတာ!  ထိုအရိပ်လေးရဲ့ဘေးနားမှာ ကောင်မလေးနှစ်ယောက်လည်းပါကာ ဈေးဆိုင်တန်းတွေမှာ လျှောက်ပတ်ကြည့်နေကြတာထင်။ အနီးကပ်မြင်ချင်လိုတဲ့စိတ်ဖြင့် သတိမထားမိလိုက်ခင်မှာပဲ ခြေအစုံဟာ ထိုပုံရိပ်ရှိရာနားသို့ လျှောက်သွားနေလေပြီ။

အနီးကပ်မြင်လိုက်ရကာမှ သင်္ခကမ္ဘာကြီး မှောက်ခုံဖြစ်သွားတော့တာပဲ...!

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now