Ep 2 (uni)

9.3K 503 41
                                    

"ဘာပြောတယ်! သင်္ခနှိုင်းမာန် နင်တော်တော်ဂြိုလ်မွှေပါလား"

(အမေကလည်းဗျာ အရာအားလုံးကမထင်မှတ်ပဲဖြစ်သွားတာပါဆို)

"အဲ့တော့ နင်ထောင်ကျခံလိုက်လေ ငါလည်းပြောရသက်သာသွားတာပေါ့"

(ဟာဗျာ...အမေကလည်း ကျစ်! ဒီမှာလူကြီးတွေနဲ့အကုန်စကားပြောပြီးပြီ အမေတို့၃ရက်အတွင်းရောက်အောင်လာခဲ့ အဖေကတော့မအားရင်ခေါ်ခဲ့မနေနဲ့)

"ဟဲ့ စကားကိုဘယ်လိုပြောနေတာလဲ! နင့်မှာ မိဘနှစ်ပါးလုံးရှိသေးတယ်လေ မခေါ်ခဲ့လို့ဖြစ်မလား ၊ တကယ်တည်း စကားပြောရတာ အချိုးကိုမပြေဘူး"

ဂွက်!

တစ်ဖက်ကချသွားတဲ့ ဖုန်းကိုကြည့်ကာ သင်္ခနှဖူးကြောတွေနှိပ်လိုက်မိတော့သည်။ အမေနဲ့ဖုန်းပြောလိုက်တာ တစ်နာရီလောက်ကြာတယ်။ ပြောခံလိုက်ရတာလည်း
ရစရာကိုမရှိ! သူတို့မျက်နှာအိုးမဲသုတ်တာတွေရော စုံလို့။

အလှလေး! မင်းမျက်နှာကြောင့် ငါဒီလောက်စိတ်ရှည်ပြီးလုပ်ပေးနေတာ မင်းသိဖို့ကောင်းတယ်!

"အမလေးလေး....အငယ်မရေ နှိုင်းဟေမာန် ငါ့ကိုသံပုရာရည်လေးတစ်ခွက်ဖျော်ခဲ့စမ်းပါ ၊ အမလေး
သင်္ခနှိုင်းမာန်တစ်ယောက်နဲ့တော့ ငါသွေးတက်တယ်"

ဟေမာန်မီးဖိုချောင်ထဲကနေ သံပုရည်အမြန်ဖျော်၍ ရှေ့ကိုထွက်လာခဲ့လိုက်ရသည်။ ကိုကြီးက ဘာတွေမွှေသွားပြန်ပြီလဲမသိ။ အမေ့လေသံကြားယုံနဲ့ ဒီတစ်ခါတော်ရုံမဟုတ်လောက်။

"ရော့ အမေ သောက်လိုက်ပါအုံး"

အမေက ဟေမာန်ဖျော်လာတဲ့သံပုရာရည်ကို
တဂွတ်ဂွတ်နဲ့သောက်နေပုံက တော်တော်အမောဆို့နေဟန်...

"အမေ ကိုကြီးကဘာပြောလို့လဲ"

"အမလေး ငါမပြောချင်ဘူး ညည်းအကိုအကြောင်းကို သူ့သူငယ်ချင်းရွာလိုက်သွားတာမှ ၃ရက်ပဲရှိသေး အဲ့ရွာကကောင်မလေးကို ပွဲ‌လည်ကောင်မှာသွားနမ်းလိုက်တယ်တဲ့လေ"

"ဟ ကိုကြီးက သွက်လှချည်လား!"

"အေး အဲ့လိုအသွက်ကောင်းလို့ ခုမိန်းမလိုက်တောင်းပေးရတော့မယ်လေ"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now