Ep 19 (uni)

7.1K 576 59
                                    

ဆေးရုံကအခန်းတစ်ခုရဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ ခေါင်းပတ်တီးနဲ့လူနာဘေးမှာ စိုးရိမ်တကြီး ထိုင်ပြီး ကြည့်နေရှာတဲ့ လူတစ်ယောက်ရယ်၊ ခုချိန်ထိတရှုံ့ရှုံ့ငိုနေသေးတဲ့တစ်ယောက်ရယ်၊ သူတို့အားလုံးကိုကြည့်ကာ သက်ပြင်းချနေတဲ့သူတစ်ယောက်ရယ် ရှိ‌နေကြလေ၏။ ထိုသူတွေကတော့ သင်္ခနှိုင်းမာန်၊ နှိုင်းဟေမာန်နဲ့ ဒေါ်တုနှိုင်းမေတို့သာဖြစ်ကြသည်။

"သမီး ဘယ်လိုဖြစ်တာလဲ သေချာပြောပြအုံး"

"ဟင့်! သမီး မိတ်ကပ်ပြင်ပေးတဲ့သူကို အခမ်းအနားဆီလိုက်ပို့နေတုန်း လပြည့်ကအခန်းထဲမှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ချိန်ဖြစ်သွားတာ...အင့်!"

"သမီးလည်း သေချာမသိဘူး... ဒါပေမဲ့ သမီးရောက်နေတော့ အဲ့အခန်းထဲမှာ အာကာကျော်ဆိုတဲ့ကောင်ရောရှိနေတာ သေချာပေါက်သူတစ်ခုခုလုပ်လိုက်တာ... အင့်! သမီးသာရောက်မလာခဲ့ရင် လပြည့်က...
လပြည့်က..."

ဟေမာန်က ထိုအဖြစ်အပျက်ကို တွေးတွေးပြီးငို၏။ အခုချိန်ထိ သူလန့်နေတုန်း!

"တိတ်...တိတ်... မငိုတော့နဲ့ လပြည့်လေးလည်းအန္တရာယ်ကင်းသွားပါပြီ...သူနိုးလာမှ မေမေတို့သေချာမေးကြည့်ကြမယ်နော်"

ဒေါ်နှိုင်းမေ ချော့လိုက်မှ သမီးက ‌တဖြေးဖြေး အငိုရပ်သွား၏။ အမှန်တိုင်းပြောရရင် သူမကိုယ်တိုင်တောင် ကြားကြားချင်းလန့်သွားခဲ့တာ ဆေးရုံတန်းရောက်လာသည်ထိ။ သားဖြစ်သူကိုကြည့်လိုက်တော့လည်း အံကြီးကြိတ်ထားကာ ဘာစကားမှမပြောပဲ ဆရာ၀န်တွေ
ဆေးစည်းပေးပြီးကတည်းက ထိုအတိုင်းတုတ်တုတ်
မလှုပ် ထိုင်နေ၏။ ခါတိုင်းဒေါသထွက်လွယ်တဲ့သားက ခုလိုငြိမ်နေတာ ‌‌ဒေါ်နှိုင်းမေကို ပိုစိုးရိမ်စေသည်။

တော်သေးတာက ခွဲခန်းတွေထိမ၀င်ရပဲ ဒီတိုင်းချုပ်လို့ရသွားတာပင်။ ပေါက်တာကမများပေမဲ့ ‌shock ဖြစ်ပြီး သတိမေ့သွားတာဟုဆိုသည်။ ခုချိန်ထိတော့ သတိမရသေး။ ယောကျာ်းဖြစ်သူကတော့ ကျောင်းမှာ သက်ဆိုင်တဲ့ဆရာဆရာမတွေနဲ့ စကားသွားပြောနေ၏။

သင်္ခ ဆေးရုံကုတင်ပေါ်မှာ ခုချိန်ထိ သတိမလည်‌လာသေးသူအား ဘယ်ချိန်ပြန်နိုးလာမလည်းဆိုတာ မျက်တောင်မခတ်ကြည့်နေမိ၏။ အငယ်မဖုန်းဆက်တဲ့အချိန် ဆိုင်ကနေ ‌၀ရုန်းသုန်းကားထွက်လာမိတာ ကျောင်းကိုဘယ်လိုရောက်သွားခဲ့လည်းတောင်မသိ။ ဖုန်းထဲမှာကြားရတဲ့အငယ်မအသံနားထောင်ကတည်းက သူ့စိုးရိမ်ရေမှတ်က အမြင့်ဆုံးကိုရောက်နေခဲ့တာ။ သူရောက်သွားတဲ့အချိန်မှာ အသေးလေးကသတိမလည်တော့ပဲ အငယ်မက ခေါင်းကထွက်နေတဲ့သွေးတွေကို အင်္ကျီနဲ့ဖိအုပ်ထားတဲ့ ထိုမြင်ကွင်းကို ခုချိန်ထိ သူ့မျက်လုံးထဲက ထုတ်လို့မရသေး။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now